Part [89] အတိတ်နေ့ရက်များ _ ၄၇ [ Zawgyi + Unicode ]

650 75 15
                                    


Zawgyi















“ .. ဝမ်းကွဲအစ်​ကို ”

“ . . . ”




တိုးလျလျ​ခေါ်သံအဆုံးမှာ .. သူ့ကို​ကျော​ပေးပြီးရပ်ေ​နတဲ့ ဝမ်းကွဲအစ်​ကိုက .. ဖြည်းဖြည်းချင်း လှည့်​ကြည့်​လာတယ်​ .. ။

စုတ်​ရာပြဲရာဗရပွနဲ့ ခရမ်းရင့်​​ရောင်​ဝတ်​စုံရှည်​က .. လဲပြိုလုလုခန္ဓာကိုယ်​ထက်​ ​နေရာယူ​တော့ လူကပိုပြီး အားအင်ကုန်ခန်း​နေဟန်​နဲ့ .. ။ ဒါတင်မက .. ​နွမ်း​လျော်​​နေတဲ့မျက်​နှာထက်​ အပြုံပန်းတစ်​ပွင့်​ကိုလဲ ​လျော့ရဲစွာ ဆင်​မြန်းထား​သေးရဲ့ .. ။

မြူခိုးမှုန်​​တွေကြား ​အမြင်​​တွေ​ဝေဝါး​နေတဲ့တိုင်​ .. ထိုသူဟာ ဝမ်းကွဲအစ်​ကိုငယ်​မှန်း​တော့ ​.. သူက အတပ်ေ​ပြာနိုင်​ပါ​သေးတယ်​ .. ။



“ ကျန်းချန်​ .. မင်းအဆင်​​ပြေရဲ့လား .. . ”

“ . . . ”



သူ့​မေးခွန်းကို မျက်​​တောင်​ဖွဖွခတ်​ပြီး​ဖြေပြရင်း ဝမ်းကွဲအစ်​ကိုက တစ်​ဖက်​ဆီပြန်​လှည့်​ထွက်​တယ်​ .. ။ ပုံမှန်​​ခြေလှမ်း​တွေနဲ့ ထွက်​ခွာရင်း .. သူ့​ရှေ့က တဖြည်းဖြည်းချင်း​ဝေးကွာသွားတဲ့ ​ကျောပြင်​ငယ်​က ပြန်​မဆုံနိုင်ြ​ခင်းနိမိတ်​ကို ​ဆောင်​ကြဉ်း​လေသလားပဲ .. ။ ​နောက်​​နေအားကုန်​​ပြေးလိုက်​ဖို့ ​ခြေ​လှမ်းပြင်​လိုက်​တယ်​ .. ။ တစ်​ကိုယ်​လုံးထုံထိုင်းပြီး ​လေးလံလွန်း​နေတဲ့​ခြေလက်​​တွေက စိတ်​ရှိတိုင်း  လှုပ်​ရှားလို့ မရနိုင်​​အောင်​ပဲ .. ။

သူက​တော့ အားတင်းပါတယ်​ .. ။
နောက်​ .. ဖြည်း​နှေး​လေးကန်​လွန်း​နေတဲ့ ​ခြေလှမ်း​တွေနဲ့ .. ဘာဆိုဘာမှ သဲသဲကွဲကွဲ မမြင်​ရ​အောင်​ မှုန်​မှိုင်း​နေတဲ့မြူ​တောထဲ အားတင်း​ပြေးဝင်​လို့ .. ဝမ်းကွဲအစ်​ကိုငယ်​​နောက်​ အမှီလိုက်​တယ်​ .. ။ မကြာခင်​အချိန်​အတွင်းမှာပဲ ကိုယ်​တိုင်​လဲ မြူ​တောထဲ လုံးဝတိုးဝင်​မိလျက်​သား ဖြစ်​သွားတဲ့အထိ​ပေါ့ .. ။ သို့တိုင်​​အောင်​ပဲ ​ရှေ့မြင်​ကွင်းဟာ ဗလာကျင်းလင်း ဘာဆိုဘာမှ မရှိ​တော့ပြီမို့ .. ။ ပင်​ပန်းတကြီး လိုက်​ရှာခဲ့တဲ့ ခရမ်း​​ရောင်​ပုံရိပ်​ငယ်​ဟာ .. အစအနရှာမရ​အောင် ​လုံးဝကြီး​ပျောက်​ရှသွားခဲ့ပြီမို့  .. ။



ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now