Part [30] မဆုံးနိုင်တဲ့ သံသယတွေ
"" ဒါက .. ဘယ်လိုတွေဖြစ်နေကြတာလဲ ... ""
သိသိသာသာကျယ်သွားတဲ့ သူ့အော်သံကြောင့် ယုန်ပေါက်ဆီ ဖက်တွယ်ထားတဲ့ .. Yu Bin Ge ရဲ့လက်တွေ ချက်ချင်းပြေလျော့သွားသည် .. ၊၊
နောက် .. သူ့ဆီ လှမ်းလာရင်း ..
" Yibo .. ငါ .. ငါ သူ့ကိုတွေ့ပြီ .. နောက်ဆုံးတော့ ငါ သူ့ကို ရှာနိုင်ခဲ့ပြီ .. ဝေ့သခင်လေး .. ငါ့ရဲ့ ဝေ့သခင်လေး .. ကာကွယ်ပေးမယ် .. ငါ .. ကာကွယ်ပေးရမယ် .. ငါ .. "
" 。。。"
အဆီအငေါ်မတည့်တဲ့စကားလုံးတွေထက် မျက်ရည်တွေ ဝေ့သီနေတဲ့ မျက်ဝန်းတွေကိုပဲ ပိုပြီးအာရုံထားနေမိတယ် ၊၊ Yu Bin Ge က နည်းနည်းပျော်ပျော်နေတတ်သူပေမယ့် အလဟဿကြီး လိမ်ညာနေမယ့်သူ မဟုတ်တာ သူသိတာပေါ့ .. ၊၊ သို့ပေမယ့် လုံးဝကြီး အသိစိတ်မဲ့နေသူလို တည်ငြိမ်မှုမဲ့နေတာကိုတော့ သဘောမတွေ့လှဘူး .. ၊၊
အတွေးများနေတဲ့သူ့လက်အစုံကို Yu Bin Ge က ခပ်တင်းတင်းဆုပ်ကိုင်လာပြီး ..
" သခင်လေးကို ခေါ်သွားခွင့်ပေးမယ်မလား .. ဝေ့သခင်လေးကို ငါ့အိမ်ခေါ်သွားမယ်နော် .. ငါ .. ငါ .. သူ့ကို ကာကွယ်ပေးရမယ် .. "
" 。。。"
Yu Bin Ge ရဲ့ လက်တွေကို ဖြုတ်ချပြီး နောက်ဆုတ်လိုက်မိတယ် .. ၊၊
ကာကွယ်ပေးမယ် .. ကာကွယ်ပေးရမယ် .. အဲ့ဒီ့စကားတွေကို ဘာလို့ ဒီလောက်တောင် ဖောဖောသီသီ သုံးနေရတာလဲ .. ၊၊
မကြားချင်ဘူး .. ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့ .. ၊၊ ကျေးဇူးပြုပြီး ကာကွယ်ပေးချင်တာတွေ .. ကာကွယ်မပေးလိုက်နိုင်တာတွေ .. သူ့ရှေ့ လာမပြောကြပါနဲ့တော့ .. ၊၊" Yibo .. အဆင်ပြေလား .. တစ်ခုခုဖြစ်နေလား .. "
Kuan Ge အသံကြားမှ လက်ရှိအခြေအနေကို သတိပြန်ဝင်တယ် .. ၊၊ သူ့ရှေ့မှာ မျက်ရည်လည်ရွှဲဖြစ်နေတဲ့ Yu Bin Ge ကိုရော .. မလှမ်းမကမ်းက အပေါ်ပိုင်းဗလာကျက်းနေတဲ့ ယုန်ပေါက်ကိုရော .. ၊၊
ကော်ဖီသွားယူတာ ကြာလွန်းနေတာကြောင့် ဖြစ်မယ် .. ၊၊ Kuan Ge ပါ သူ့နောက် ထလိုက်လာတယ် .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21