Zawgyiနေ၀န်းနီနီဟာ ရောင်ဝါဖျော့တော့လို့ ကူးစူးလန်ရဲ့ ၀ါးရုံတောတစ်ဘက်ဆီ နိမ့်ဆင်းတယ် .. ၊၊
ဆန်းသစ်စ လကလေးဟာ ကွေးကွေးသေးသေးကလေး .. ၊၊
ညဥ့်ငှက်ငယ်တွေရဲ့ အော်မြည်သံ တစ်စွန်းတစ်စကိုလဲ ကြားမိပါရဲ့ .. ၊၊
ရွက်ကြွေတွေကို တုတ်တစ်ချောင်းနဲ့ ဟိုဝေ့ဒီဝေ့လုပ်ရင်း ရံဖန်ရံခါ ကျရောက်လာတတ်တဲ့ ၀ိမ်းနင်ရဲ့ မျက်စောင်းသဲ့သဲ့ကိုလဲ သတိထားမိပါရဲ့ .. ၊၊
နောက် ..
တစ်ဖက်ချထားတဲ့ဒူးအထက် ဦးခေါင်းငယ်ကို ခပ်လျော့လျော့မှီလှဲပြီး သိသိသာသာမျက်နှာမဲ့နေသူကိုလဲ မမေ့မလျော့ ငေးကြည့်နေမိခဲ့ .. ၊၊“ လန်ကျန့်ရာ .. ဘာမဟုတ်တာလေးကို ..
ထတော့ ထ .. မင်းပဲ ဒီနေ့ကစပြီး စည်းကမ်းတွေ မဖောက်တော့ဘူးဆို ..
အခုဘယ်အချိန်ရှိနေပြီလဲ .. အိပ်ချိန်ကျော်တော့မယ် .. ”“ ... ”
“ လန်ကျန့် .. ”
“ ... ”
အရေးမလုပ်စွာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားတဲ့ လန်ဝမ့်ကျီးကို တစ်ချက်ငုံ့ကြည့်ပြီး ဝေ့၀ူရှန့်ဟာ ခေါင်းခါတယ် .. ၊၊
နောက် .. နှာတံတစ်လျှောက် လက်ညှိုးထိပ်နဲ့ တတောက်တောက်ခေါက်ရင်း ..
“ လန်ကျန့်ရာ လန်ကျန့် ..
ငါတောင် ဘာမှမဖြစ်တာ .. မင်းက ဘာဖြစ်နေတာတုန်း”ဒီလိုဆိုတော့ သူ့ကို မျက်လုံးလှန်ကြည့်လာတယ် .. ၊၊
“ ၀မ့်ကျီးက မစောင့်နိုင်တော့ဘူး .. ”
“ အဲ့ဒါကြောင့်လဲ နှစ်ဖက်အစ်ကိုတော်တွေ အသိအမှတ်ပြုပေးပြီးသွားပြီလေ .. ”
“ ၀မ့်ကျီးက အကုန်လုံးသိအောင် ခမ်းခမ်းနားနားနဲ့ .. ”
“ တော်ပါတော့ကွာ .. အကုန်လုံးသိသွားတော့ရော ဘာထူးသေးလဲ .. အကုန်လုံး ၀ိုင်းကဲ့ရဲ့တာ ခံချင်လို့လား .. ဇယ်ဝူကျွင်းနဲ့ကျန်းချန်တို့ အသိအမှတ်ပြုပေးပြီးပြီပဲ .. ကျေနပ်ပါတော့ .. ”
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21