Part [80] အတိတ်နေ့ရက်များ _ ၃၈ [ Zawgyi + Unicode ]

802 96 19
                                    

Zawgyi






ကောင်းကင်​ပြင်​ဟာ ကျိုးတိုးကျဲတဲ ကြယ်​​မှုန်​ဖျဖျနဲ ..
ဒီ​ညရဲ့ လ​ရောင်​ဟာ အနည်းငယ်​မှိန်​​ဖျော့တယ်​ .. ၊၊

ဝါးရွက်​ရှည်​​တွေကြား ဖြတ်​သန်းပြီးတဲ့​နောက်​ ​အောက်မြေပြင်​​ပေါ် ကျ​ရောက်​လာတဲ့ အလင်း​သဲ့သဲ့က .. တစ်​​ယောက်​နဲ့တစ်​​ယောက်​ လူလုံးကွဲ​အောင်​​တောင်​ မနည်းကြည့်​ယူရရဲ့ ..  ၊၊

ဝေ့၀ူရှန့်​ဟာ ​ကောင်းကင်​ဆီ​မော့ကြည့်​လို့ ကြယ်ပုံပြင်တွေ မ​မောတမ်း ​ပြော​နေခဲ့လို့ ..  ၊၊

လန်​၀မ့်​ကျီးက​တော့ ​​ချစ်​ရသူရဲ့မျက်​နှာ​ချော​ချောကိုသာ မှုန်ကုပ်​ကုပ်​ ​ငေး​မော​နေခဲ့ ..  ၊၊


“ ဆီ​လျော်​မှုမရှိဘူး .. ”

“ ဟင်​ .. ”


ကောက်​ကာငင်​ကာ ထ​ပြောလာတဲ့ ၀မ့်​ကျီး​ကြောင့်​ ​ဘေးဘက်​ဆီ လှည့်​ကြည့်​လိုက်တော့ အလိုမကျဟန်​ စူပုပ်​ထားတဲ့ မျက်​နှာ​တော်​ကို ​မော်​ဖူးမိရရဲ့ .. ၊၊


“ လန်​​အော့​ကော​ကော .. ဘာ​တွေအလိုမကျပြန်​လဲ .. ”

“ ဒီည လမသာဘူး .. ”

“ အဲ့ဒီ့​တော့ .. ”

“ ​ဝေ့ရင်းမျက်​နှာကို ​သေချာမမြင်​ရဘူး .. ”


ဆို​တော့ .. ​ဝေ့၀ူရှန့်​ကပဲ လန်​၀မ့်​ကျီးမျက်​နှာ​ပေါ် အုပ်မိုးလို့ ခန္ဓာကိုယ်​တစ်​ခုလုံး တိုး​ရွှေ့​ပေးရတယ်​ .. ၊၊


“ အခု​ရော .. ရပြီလား .. ”

“ မစနဲ့ .. ”

“ ​ဟော .. ဟားဟား .. ”


လန်​၀မ့်​ကျီးက သူ့မျက်​နှာကို လက်​​ချောင်းသွယ်​​လေး​တွေနဲ့ ပင့်​ဖယ်​လိုက်​ရင်း တိုးတိုးဆိုလာ​တော့ ပြုံးမိရ​သောပါပဲ .. ၊၊

အဲ့ဒီ့လူငယ်​​လေးက တစ်​ခါတစ်​ရံ သိပ်ရဲတင်းလွန်းသလောက်​ တစ်​ခါတစ်​​လေကျပြန်​​တော့လဲ ဘာမဟုတ်တာ​လေးကို ​အရှက်​သည်းလွန်း​နေတတ်​ပြန်​​ရော .. ၊၊

တခြားသူ​တွေ​ရှေ့ ​ရေခဲရိုက်​မျက်​နှာတည်​ကြီးနဲ့ မတုန်​မလှုပ်​ ​နေတတ်​သ​လောက်​ .. သူ့​ရှေ့​ရောက်​ရင်​​တော့ ဘာဟန်​​ဆောင်​မှုမှ ရှိမ​နေတဲ့ ဒီလူသားငယ်​​လေးကို အကြင်နာ​တွေလဲ ​တစ်​​နေ့တစ်​ခြား ပိုသာလွန်းရပါရဲ့ .. ၊၊


ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora