Part [45] အတိတ်နေ့ရက်များ _ ၃ [ Zawgyi + Unicode ]

1.4K 126 13
                                    

Part [45]  အတိတ်နေ့ရက်များ _ ၃ 

" လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက စတင်ခဲ့တယ် .. အချိန်အားဖြင့် နတ်ဆရာဖြူမျိုးနွယ်စုတစ်ခုလုံး ကူးစူးလန်ဂိုဏ်းရဲ့ လက်အောက် .. ခိုဝင်လိုက်တဲ့ ကာလအပိုင်းအခြားမှာပဲ ... "

အစချီလို့ .. ဆရာဦးလေးဟာ ဖြစ်ရပ်တစ်ခုချင်းစီကို အသေးစိတ်နီးပါးပြောကြားလာရဲ့ ... ၊၊

___________

ဥတုရာသီဟာ သိသိသာသာမှုန်မှိုင်းလို့ .. ၊၊
လကွယ်ညရဲ့ ကောင်းကင်တစ်ခွင်ဟာလဲ ကြယ်ရောင်ကင်းမဲ့လို့ .. ၊၊

တစ်ချက်တစ်ချက် ပုစင်းရင်ကွဲကောင်လေးတွေရဲ့ အော်သံစူးစူးကလွဲရင် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်လို့ .. ၊၊

ညည်းသံသဲ့သဲ့ကြားနေရတဲ့ အခန်းငယ်လေးရှေ့မှာတော့ လန်ရှီးချန်ပုစိလေးဟာ ငုတ်တုတ်လေးထိုင်ပြီး .. ဒူးပေါ်မေးတင်လို့ တစ်စုံတစ်ရာသောအသံကို စောင့်မျှော်နေလေရဲ့ .. ၊၊

" သခင်လေး .. ဆောင်းလေအေးတွေ ဒီလောက်တိုက်နေတာ အပြင်မှာအရမ်းအေးပါတယ် .. အဆောင်ထဲကစောင့်ပါ .. "

သူကတော့ ..
အဆောင်ထဲဝင်ဖို့ခေါ်နေသူတွေကို လျစ်လျူရှုလို့ .. အခန်းငယ်အရှေ့မှာပဲ ဆက်စောင့်မြဲစောင့်ဆဲ .. ၊၊

ဆရာဦးလေးကတော့ မကြာသေးခင်က ခေါ်လာတဲ့ နတ်ဆရာဖြူမျိုးရိုးဆိုတဲ့ အုပ်စုနဲ့ .. ရေတံခွန်အနောက်ဘက်တောတန်းဆီ ပါသွားလေရဲ့ .. ၊၊

" ယောက်ျားလေး .. သားယောက်ျားလေး .. ရှီးချန်သခင်လေးတော့ ညီလေးရပြီ .. "

လက်သည်အဒေါ်ကြီးရဲ့ အော်သံကျယ်ကျယ်က တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည် .. ၊၊

" ညီလေး တဲ့ .. ညီလေး တဲ့ ... "

ပါးစပ်ကလဲ တတွတ်တွတ်ရေရွတ်ရင်း .. အခန်းငယ်အတွင်း ဇွတ်တိုးဝင်လို့ မေမေ့ရင်ခွင်ထဲက နီတာရဲကလေးငယ်ဆီ အပြေးသွားပွေ့တာပဲ .. ၊၊

" ချီလို့မရသေးဘူးလေ သခင်လေးရဲ့ .. ကလေးလေးက အခုမှ နုနုလေးရှိသေးတာ ..
သခင်မ ကြည့်ပါဦး .. သခင်လေးက သူ့ညီတော်ကို အသည်းတွေယားနေရှာတာ .. ဟင် ! သခင်မ .. သခင်မ ... "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora