Part [99] ငါ မင်းကိုမမုန်းပါဘူး . . .「 ငါ မင်းကိုမမုန်းပါဘူး . . . 」

925 107 31
                                    


Zawgyi






















နေ့ရက်​​တွေ ကုန်​လွန်​လွယ်​တဲ့အခါ .. ​လေ့ကျင့်​ခန်း​တွေ ကြိုးစားလုပ်​ရင်း ​ရှောင်းကျန့်​လဲ လမ်းပြန်​​လျှောက်​လာနိုင်​ခဲ့တယ်​ .. ။ အချိန်​မှန်​ ကျန်းမာ​ရေးလာစစ်​​ဆေး​ပေးတဲ့ ဆရာဝန်​ကြီး​တွေက .. အရမ်းကြီးအားစိုက်​​နေမယ့်​အစား လမ်း​လျှောက်​တုတ်​အကူအညီနဲ့ ဖြည်းဖြည်းချင်း စမ်း​လျှောက်​ကြည့်​ဖို့​ပြော​တဲ့အခါ​ပေါ့ .. ။ ​ရှောင်းကျန့်​ရဲ့လက်​တစ်​ဖက်​ကိုတွဲလို့ ဝမ်​ရိ​ပေါ်ဆိုတာ အလိုက်​တသိကို လမ်း​လျှောက်​တုတ်​က​လေး ဖြစ်​​ပေးတာပဲ .. ။




“ ​ရှောင်းကျန့်​ .. ​ရှောင်းကျန့်​ ခင်​ဗျားဘယ်​မှာလဲ ..
ရှောင်းကျန့်​ .. ​ရှောင်း .. ”

“ ဒီမှာရှိတယ်​ .. ​သေ​လောက်​​အောင်​ ​အော်​မ​နေနဲ့ .. ”




ရှောင်းကျန့်​အသံကြားရာ သန့်​စင်​ခန်းဆီ .. မ​ပြေးရုံတမယ်​ ​ခြေလှမ်းကြဲကြီး​တွေနဲ့ လှမ်း​လျှောက်​သွားရင်း .. ရိ​ပေါ်က ကျစ်​ခနဲ စုတ်​သပ်​တယ်​ .. ။ သန့်​စင်​ခန်းတံခါးကို အကြမ်းပတမ်းတွန်းဖွင့်​ရင်းလဲ ခပ်​​ငေါက်​​ငေါက်​ဆိုပါတယ်​ .. ။




“ ရှိရင်​လဲ အသံ​လေးဘာ​လေး​ပေး​လေဗျာ ..
ဒါမှမဟုတ်​လဲ ဘယ်​သွားမယ်​ ဘယ်​လာမယ်​ ​ပြောသွား​ပေါ့ .. ”

“ သန့်​စင်​ခန်းသွားတာကအစ အသိ​ပေး​နေရဦးမလား .. ”




လက်​အ​ခြောက်​ခံ​နေရင်းပြန်​​ငေါ့​တော့ ရိ​ပေါ်က မျက်​နှာ​ကြော​လျှော့တယ်​ .. ။




“ ကျွန်​​တော်​က ရှက်​​နေရမယ့်​သူမှ မဟုတ်​တာပဲ ..
အပို​တွေ လုပ်​မ​နေနဲ့ .. လာ မြန်​မြန်​ .. ”

“ မင်းကမှ ​အပို​တွေလုပ်​​နေတာ .. ​ရှေ့ကဖယ်​ .. ”

“ လက်​​ပေး​နေတယ်​​လေ .. တွဲမှ​ပေါ့ .. ”

“ ဒီမှာတုတ်​​ကောက်​ပါတယ်​ ..
ဟေ့ .. ဒီတစ်​​ခေါက်​ထပ်​လွှင့်​ပစ်​ရင်​ တာ့ချန်​က မင်းကိုပါ အမှိုက်​ပုံပို့လိုက်​လိမ့်​မယ်​​နော်​ .. ပြီးမှာ ငါမ​ပြောဘူးမလုပ်​နဲ့ ..  ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now