Part [75] အတိတ်နေ့ရက်များ _ ၃၃ [ Zawgyi + Unicode ]

847 84 11
                                    


Part [75]  အတိတ်နေ့ရက်များ _ ၃၃



ရှေ့က​ပြေး​နေတဲ့ စစ်​​ကျွေးရဲ့ ​ခြေလှမ်း​တွေ​နောက်​ အမြန်​လိုက်​ရင်း ..

ကူးစူးလန်​မှာ အိ​နြေ္ဒမဲ့​ပြေးလွှားခြင်းကို တားမြစ်​​ထားတယ်​ ..

ဆိုပြီး .. မျက်​နှာတည်​နဲ့​ပြောလာမယ့်​သူကို တကယ်​ပဲ ​မျှော်လင့်​မိပါရဲ့ .. ၊၊

ဒီရက်​​တွေမှာ အိပ်​လိုက်​စားလိုက်​နဲ့ အချိန်​တွေကို ​သက်တောင့်​​သက်​သာ​လေးကုန်​ဆုံးရင်း .. ဒီလူသားငယ်​​လေးကို သတိမရ​ကြောင်း ကိုယ့်​ကိုယ်​ကို အတင်းညာလို့ .. သူက တကယ်​လဲ သိပ်​ရက်​စက်​တာပဲ .. ၊၊

၀မ်းကွဲအစ်​ကို​တော်​ကို စိတ်​ထိခိုက်​ခံစား​စေတယ်​ .. ၊၊
လန်​ကျန့်​ကိုလဲ ​သူ့အတွက်နဲ့ ​ဒူး​ထောက်ေ​စတယ်​ .. ၊၊
နျဲ့ဟွိုက်​စန်းနဲ့ဝိမ်းနင်​လဲ အပြစ်​​ပေးခံရတယ်​ .. ၊၊

ဘယ်​​လောက်​​တောင်​ ​ကောင်းကျိုးမ​ပေးလိုက်​သလဲ .. ၊၊

ဆိုပြန်​​တော့ သူဟာ ​မွေးကတည်းက ဘယ်​သူ့ကိုမှ ​ကောင်းကျိုး​မ​ပေးတဲ့ လူငယ်​​လေးပဲ .. ၊၊

သူ့ကံကြမ္မာကို ​ပြောင်းလဲ​ပေးဖို့ကြိုးစားရင်း ​ဆုံးပါးခဲ့ရတဲ့ နတ်​ဆရာသခင်​ ..

သူ့ကို ကာကွယ်​​ပေးနိုင်​ဖို့ .. ကိုယ့်ကိုယ်ကိုစ​တေးပြီး ကျန်းချန်​ကို ဒီကြမ္မာဆိုးကြီးထဲ ဆွဲထည့်​ခဲ့တဲ့ ​​လျန်​ရဲ့ ..

သူ့ကိုပြုစု​စောင့်​​ရှောက်​ဖို့ မှတ်​ဉာဏ်​​တွေ အဖျက်​ခံလိုက်​ရပြီး .. က​လေးသာသာအသိဉာဏ်​​လေးနဲ့ အစေခံအမျိုးသမီးငယ်​ ..

အကုန်​လုံးဟာ သူ​မွေးဖွားလာချိန်​ကတည်းက စတင်ခဲ့တာပဲ .. ၊၊

သူသာ ​မွေးဖွားမလာခဲ့​ရင်​ ဒီလူသား​တွေအကုန်​လုံး အဆင်ပြေပျော်ရွှင်​​နေကြမယ်​ထင်​ရဲ့ .. ၊၊

အ​တွေးနဲ့အတူ .. စစ်ေ​ကျွး​နောက် ​အမှီလိုက်​​နေဆဲ ​ခြေလှမ်း​တွေ ရပ်​တန့်​တယ်​ .. ၊၊

မရည်​ရွယ်​တဲ့တိုင်​ .. သူ့ဆုံးဖြတ်​ချက်​နဲ့လုပ်​ရပ်​​တွေက ဒီကြမ္မာဆိုးနွံထဲ လန်​ကျန့်​ကိုပါဆွဲ​ခေါ်လို့ အတူနစ်​မြှုပ်​ဖို့ အစပြု​နေခဲ့မှန်း ခန့်​မှန်းနိုင်​ခဲ့လို့ .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now