Part [27] သာမန်နေ့ရက်လေးများ
" Yibo ကွာ .. . ခွီး .. "
" 。。。"
ရေချိုးခန်းထဲက ထွက်လာလာချင်း အခန်းထဲမှာ ဗွီဒီယိုကောပြောနေတဲ့ Yibo ကို မြင်ရသည် ၊၊
Yibo ကတော့ အခန်းတံခါးကို ကျောပေးထားတာမို့ သူဝင်လာတာကို သတိပြုမိပုံမပေါ်ဘူး .. ၊၊ တဖက်လူရဲ့ ရယ်သံဗြဲကြီးကို မကြားချင်မှအဆုံး အတိုင်းသားကြားနေရပြီး ဒီဘက်ကတစ်ယောက်ကလဲ လက်သီးကြီးကိုက်ပြီး ဘာတွေကြိတ်ခွီနေမှန်းကိုမသိ .. ၊၊" ကြည့်ကြည့် .. အဲ့နေရာ အဲ့နေရာ .. ခွီး .. "
" 。。。"
အမယ်အမယ် .. အမောင် Wang Yibo တို့များ အားမလိုအားမရဟန်နဲ့ လက်သီးကြီး ဖိကိုက်ယုံတင်မကတော့ဘဲ .. မျက်နှာကိုပါ လက်ဝါးနဲ့အုပ်လို့ . .. ၊၊
အသံထွက်ရယ်ရင် တရားစွဲမှာကြောက်လို့ထင်ရဲ့ .. ၊၊ ရယ်ချင်နေတဲ့ပုံကို မနည်းထိန်းထားရှာတာ .. . ၊၊
သူများအရေး စပ်စုမနေတော့ဘဲ .. သွက်သွက်ပဲ ဝင်သွားလိုက်ပြီး .. အင်္ကျီလဲဖို့ ကျောပိုးအိတ်ထဲ မွှေနှောက်ရှာနေလိုက်သည် ၊၊
အနွေးထည်အပါအဝင်မှ သုံးစုံပဲထည့်လာတာမို့ အမှန်အတိုင်းပြောရရင် ဝတ်စရာအင်္ကျီမရှိတော့ .. ၊၊ အက်ဆီးဒင့်ဖြစ်တဲ့နေ့က အင်္ကျီနဲ့ဂျင်းပန်ကလဲ တော်တော်လေး ပြဲသွားသေးတာဆိုတော့ တကယ်ကို ဝတ်စရာမရှိတော့တာ .. ၊၊
အခုလေးတင် အဝတ်လျှော်စက်ထဲထည့်ခဲ့တဲ့အဝတ်တွေ လျှော်ပြီးတဲ့အချိန်ထိ ထိုင်စောင့်ယုံကလွဲ တခြားနည်းလမ်းလဲ စဉ်းစားမရဘူး .. . ၊၊
" Yibo .. . "
လပ်တော့ရှေ့မှာ လက်သီးဆုပ်ကြီးကိုက်ပြီး ပြုံးစိနေတဲ့ ခွေးပေါက်စဟာ ပုံမှန်ထက်ပိုတိုးနေတဲ့ သူ့အသံကို တကယ်ပဲ ကြားတယ်တဲ့ .. ၊၊ အံဩစရာကောင်းလိုက်တာ .. ၊၊
ဝမ်းသာအားရပဲ ပြုံးဖြဲပြလိုက်တော့ ခပ်တည်တည်နဲ့ လပ်တော့ဆီ ပြန်လှည့်သွားတယ် .. ၊၊
ဟင် .. ဘာလားပဲ .. ၊၊
" Yibo .. Yibo .. "
" 。。。"
ပြန်လဲမဖြေ .. လှည့်လဲမကြည့်တာမို့ အတော်လေး အကြံအိုက်သွားတာတော့ အမှန်ပဲ .. ၊၊ အနားတိုးခေါ်ကြည့်ဖို့ စိတ်ကူးမိပေမယ့် ပိုပိုပြီး ဆူပုတ်မှုန်ကုပ်လာတဲ့ မျက်နှာတော်ကြောင့် အဲ့ဒီ့စိတ်ကူးကို အကောင်အထည် မဖော်ဖြစ်တော့ဘူး .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21