Part [34] ကတောက်ကဆ နေ့ရက်လေးများ
Day 2
" စတွဲကြတဲ့ နေ့ရက်တွေဟာ အများအားဖြင့်တော့ sweet days လို့ ခေါင်းစဉ်တပ်ရလောက်တဲ့အထိ အရမ်းအရမ်းအရမ်းကို ချိုမြိန်တဲ့နေ့ရက်လေးတွေပဲ မဟုတ်ဘူးလား .. "
" မဟုတ်ဘူး .. "
" တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဗိုက်ဝမယ် .. အစာစားချိန်လေးတောင် ဖဲ့ပေးဖို့နှမြောလောက်အောင် ချစ်နေကြတာကိုး .. "
" Yibo .. ငါဗိုက်ဆာပြီ .. "
" အတူရှိချိန်တွေ မလျော့ပါးဖို့ ရေမချိုးလဲဖြစ်တယ် .. ချစ်သူရဲ့ကိုယ်သင်းနံ့ဟာ အရေအတွက်ကန့်သတ်ပြီးထုတ်တဲ့ ကမ္ဘာ့တန်ဖိုးကြီး ရေမွှေးနံ့ထက် အဆပေါင်းများစွာသာတယ် .. "
" ငါချွေးနံ့ကြောက်တာ ပြောမထားဘူးလား .. အဲ့ဒီ့အလကားရထားတဲ့ ဆပ်ပြာရည်တွေ မသုံးပါနဲ့ဆို .. ပြောလဲမရ .. တော်တော် .. ချွေးနံ့မဖုံးနိုင်တဲ့ ဆပ်ပြာရည်တွေနဲ့ ရေချိုးမယ်ဆို ငါ့နားကပ်ဖို့ စိတ်ကူးတောင် မယဉ်နဲ့ .. "
Yibo .. ဖက်လက်စစာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်တယ် .. ၊၊
ပြီးတော့ ဖန်တွေပို့ထားတဲ့ သကြားလုံးပုလင်းကြီး ရှေ့ချထားပြီး .. သကြားလုံးတွေ တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲထည့်နေရင်း .. စာဖတ်ပြတာ လိုက်နှောင့်ယှက်နေတဲ့ ယုန်ပေါက်ကို တစ်ချက်စွေကြည့်လိုက်တယ် .. ၊၊" ဒီတစ်သက် စားလို့ရောပြီးဦးမှာလား ခင်ဗျား .. "
" ဘာတုန်း .. စားချင်လို့လား .. "
အမေးစကားနဲ့အတူ .. လက်တစ်ဖက်က သကြားလုံးတစ်လုံး လာခွံတယ် .. ၊၊
" တော်တော့ .. ချောင်းဆိုးမယ် .. "
" နိုးပါ .. ငါက ကိုယ်ခံအားတွေ အရမ်းကောင်းတာ .. "
" ပြီးရောလေ .. သကြားလုံးစားထားတဲ့ နှုတ်ခမ်းတွေနဲ့ လာခိုးနမ်းလို့ကတော့ .. "
" ခွေးကိုနမ်း .. "
" 。。。"
" အား .. အ အ .. Yibo .. "
သကြားလုံးပုလင်းကြီးနဲ့ သူ့ဆီပစ်ပေါက်ပြီး ထထွက်သွားတဲ့ ယုန်ပေါက်ဟာ ခြေလှမ်းသုံးလှမ်း မပြည့်ခင်မှာပဲ ခွေးလဲဝက်လဲ ချော်လဲတယ် .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21