လေပြေနုနုက ကျီစယ်သလို တဖြူးဖြူးတိုက်ခတ်နေတယ် ..
သူ့ရှေ့မြင်ကွင်းတဆုံး အဝါရောင်ဟိုင်ယာဆင့်ပန်းခင်းကြီးနဲ့ ..ပြီးတော့ ..
နှစ်လိုဖွယ်ပြုံးပြနေတဲ့ အဖြူရောင်ယုန်ပေါက်လေး တစ်ကောင်လဲရှိတယ် ..•°•°ˆ .. F O R E V E R M O R E .. ˆ°•°•
" မင်းရှုံးသွားပြီနော် .. အခုမှ ရူးချင်ယောင်တွေ ဆောင်နေလို့လဲ အပိုပဲ .. ပြောပြီးသား .. "
မှုန်မှိုင်းနေတဲ့မြင်ကွင်းတွေ ကြည်လင်သွားချင်း .. အဲ့ဒီ့ဘဲနှုတ်သီးချွန်ချွန်နဲ့ ရင်ဆိုင်ရတာပဲ .. . ၊၊
" မဟုတ်ဘူး .. ခေါင်းထဲ မိုက်ခနဲဖြစ်သွားလို့ . .. "
" ဖြစ်မှာပေါ့ .. စိတ်ကောင်းမှမထားဘဲ ... "
" Xiao Zhan .. ခင်ဗျား လူရောဟုတ်ရဲ့လား .. "
" အော်အော် .. အမှန်တရားလေးနည်းနည်း ထုတ်ပြောလိုက်မိတာနဲ့ပဲ လူမဟုတ်တော့ဘူး .. . ပြီးတော့ အဲ့ဒါ ငါ့စကားကြီး .. ခွီး .. "
" . . . "
ခုဏ မိုက်ခနဲဖြစ်သွားပြီး ခေါင်းက လုံးဝပြန်ကြည်မလာတော့ .. ၊၊
တော်သေးတယ် .. မြင်ချင်ရာတွေ လျှောက်မြင်မနေတော့တာပဲ .. ၊၊ မဟုတ်ရင် မအိပ်ဘဲ အိပ်မက်မက်နေသလိုမျိုးကြီး .. ၊၊ ဆိုတာထက် သူ့ရှေ့က ယုန်ပေါက်က မဟုတ်တမ်းတရားတွေနဲ့ မခံချင်အောင် စအုံးမှာ .. ၊၊" ဘာလဲ .. ဒီတိုင်း စလိုက်တာကို .. "
" . . . "
ဘာမှပြန်ပြောမနေတော့ဘဲ လေပူတွေပဲ ဆင့်ကာဆင့်ကာ မှုတ်ထုတ်ပြီး ကိုယ့်အခန်းကိုယ် ပြန်ဖို့ပြင်တော့ ယုန်ပေါက်က မျက်နှာငယ်လေးနဲ့ဆိုတယ် ၊၊ အာရုံမရပါဘူး .. လောလောဆယ် ခေါင်းအရမ်းနောက်နေတာပဲ သိတယ် .. ၊၊
ဒါနဲ့ .. ခေါင်းက ဘာလို့ ဒီလောက်တောင် မကြည်ဖြစ်နေရတာတုန်း .. ၊၊ ညက အိပ်ရေးမဝလို့များလားပဲ .. . ၊၊ အင်း .. ဖြစ်နိုင်တယ် .. ၊၊ ညက သူ တကယ်အိပ်ရေးမဝလိုက်ဘူး .. ၊၊ ဖုန်းကိုင်ဖို့ လက်လှမ်းတာပါဆိုတဲ့အကြောင်း ဘယ်လောက်ပဲ ရှင်းပြရှင်းပြ အသိခေါက်ခက်တဲ့ ယုန်ပေါက်လေးက လက်မခံဘူးရော .. ၊၊ ငါ့ခါးဆီ လက်လှမ်းပြီး အဓမ္မကျင့်ဖို့ ကြံနေတာမလားကို ပါးစပ်ကမချဘဲ အော်ဟစ်နေတာ ၊၊ ဘုရားစူး .. Kuan Ge ဆီက ဖုန်းလာနေတာမို့ ဖုန်းကိုင်မလို့ပါဆို .. ဘုရားစူး .. ၊၊
STAI LEGGENDO
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21