Part [43] အတိတ်နေ့ရက်များ _ ၁
လွန်လေပြီးသော အတိတ်တွေသည် ပြန်လည်၍ လာတတ်ပါသလား ... ? ၊၊
ပြင်မရနိုင်တဲ့အမှားတွေ ရှိကောင်းရှိပေမယ့် ..
တသသ လွမ်းဆွတ်စရာတွေ ရှိကောင်းရှိပေမယ့် ..
ဘယ်လောက်ပဲ ကြိုးစားပေမယ့် ပြန်မရနိုင်တော့မယ့် အမှတ်တရတွေ .. ဝါ .. အမှတ်တမဲ့တွေ .. ရှိနေပေမယ့်ပေါ့ .. ၊၊သဘောတူသည်ဖြစ်စေ .. သဘောမတူသည်ဖြစ်စေ ..
ကျွန်တော်တို့ လက်လွှတ်လိုက်ရတာပါပဲ .. ၊၊ဒီလိုဆိုပြီးလဲ အတိတ်ဆိုတာ ..
ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်သွားမှာ မဟုတ်ဘူး .. ၊၊ကျွန်တော်တို့ မှတ်မိနေသေးသရွေ့ ...
ခင်ဗျားတို့ မမေ့ချင်သေးသရွေ့ ...
ကမ္ဘာကြီး မပျက်သုဉ်းသေးသရွေ့ တည်ရှိနေဦးမှာ .. ၊၊ဒီလိုပဲ တစ်စုံတစ်ယောက်သောသူဆီမှာလဲ ..
ဘယ်သောမှ မမေ့ပျောက်ချင်ခဲ့တဲ့ အတိတ်နေ့စွဲလေးတွေ ရှိတယ် .. ၊၊လှပခဲ့သည်ဖြစ်စေ .. အကျည်းတန်ခဲ့သည်ဖြစ်စေ .. ခမ်းနားခဲ့သည်ဖြစ်စေ .. သိမ်ငယ်ခဲ့သည်ဖြစ်စေ ..
အမြဲတစေ မက်မောတမ်းတနေမိဦးမယ့် နေ့စွဲလေးတွေပေါ့ .. ၊၊
ကမ္ဘာကြီးတည်တံ့နေသရွေ့ ..
ဒါမှမဟုတ်လဲ .. ကမ္ဘာကြီးပျက်သုဉ်းသွားတဲ့တိုင် ..ထိုသူဟာ .. အဲ့ဒီ့အတိတ်နေ့ရက်တွေနဲ့အတူ .. မြတ်နိုးရတဲ့ လူသားငယ်တစ်ဦးကို ..
ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ပိုပြီး ..。。。 F O R E V E R M O R E 。。。
မြင်တွေ့ရသမျှ သစ်ပင်ကြီးငယ်တိုင်း စိမ်းစိုလန်းဆန်းနေတဲ့တိုင် .. တောအုပ်ငယ်ဟာ လန်းဆန်းမှုမရှိဘဲ မှုန်မှိုင်းမှိုင်းအသွင်ကို ဆောင်လို့ .. ၊၊
စိမ်းညို့ညို့တောအုပ်ငယ်က .. တက်ကြွမှုတွေပျောက်ဆုံးနေတဲ့ လူငယ်တစ်ဦး တွေဝေငေးမောနေသလိုမျိုး .. ၊၊
ဘဝနေဝင်ချိန်ရောက်နေတဲ့ အရွယ်လွန်အဖိုးအိုတစ်ဦး .. အရာရာကို လက်မှိုင်ချ .. စိတ်ဓာတ်ကျငေးငိုင်ပြီး .. အဓိပ္ပာယ်မဲ့စွာ ခေါင်းငိုက်စိုက်ချထားသလိုမျိုး .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21