" အင်းအင်း Ge .. အင်တာဗျူး အဆင်ပြေပြေ ပြီးသွားတာပဲ တော်သေးတာပေါ့ .. ကျွန်တော့်ကိုတော့ ဘာမှစိတ်မပူနဲ့ .. "
" ..... "
" ညစာလား .. အာ .. ဒီတိုင်းပဲ မှာလိုက်မယ်လေ .. လာပို့ခိုင်းမနေတော့နဲ့ .. Kuan Ge သာ အေးအေးဆေးဆေး နားလိုက်တော့ .. ပင်ပန်းနေပြီမလား .. ကျန်းမာရေးလဲ ကောင်းတာမဟုတ်ပဲနဲ့ .. ဒါပဲ ဒါပဲ .. "
ဖုန်းချပြီး တစ်ဖက်လှည့်တော့ သူ့ကို စူးစိုက်ကြည့်နေတဲ့ ယုန်ပေါက်စနဲ့ တည့်တည့်တိုးသည် .. ၊၊
" ဘာတုန်း .. "
" ဟင် .. ဘာမှမဟုတ်ပါဘူး .. ဖုန်းပြောလို့ပြီးပြီလား .. "
" ပြီးပြီ .. Kuan Ge ဆက်တာ ..
ဒီည ဆေးရုံမှာပဲ ညအိပ်မယ့်အကြောင်း လှမ်းပြောတာ "" အော် .. ငါ မမေးပါဘူး .. "
" မင်း .. "
" ဟီး .. ဗိုက်ဆာလိုက်တာ .. "
ရှေ့သွားနှစ်ချောင်း ဖြီးနေအောင်ရယ်ပြရင်း ဆိုလာသူကို ခေါင်းသာ ခါပြလိုက်ရသည် ၊၊
" ဗိုက်ဆာလဲ ငါ့အိမ်မှာတော့ ဘာမှမရှိဘူး .. ဘာမှာပေးရမလဲ .. ပီဇာ .. ဖက်ထုပ် .. "
" နေပါစေတော့ .. ခေါက်ဆွဲပြုတ်ပဲ စားရအောင် .. "
" မဖြစ်ဘူး .. မင်းအစာအိမ်က .. "
" အားရိုး .. ရှည်လိုက်တာ .. အစာအိမ်မနာအောင် ခေါက်ဆွဲကို နှစ်ခါပြုတ်မယ်ကွာ .. ကြက်ဥထည့်မယ်ကွာ ဂျင်း နည်းနည်း ထည့်မယ်ကွာ .. အသားလုံးလေး ဘာလေးရော ရှိလား .. ရှိရင်ထည့်မယ်ကွာ .. ဟုတ်ပြီလား .. "
" ဟုတ်ပါပြီကွာ .. "
ဆိုင်မဆိုင်တော့ မသိ .. အူလည်လည်နဲ့ ခေါင်းညိမ့်လိုက်မိသည် .. ၊၊
" အဲ့ဒါဆို ပြင်တော့လေ .. ဒီမှာ ခေါက်ဆွဲဘူး .. "
" ပြင်ရမှာ .. ငါက .. "
ခေါက်ဆွဲဘူး ကမ်းပေးရင်း ပြုံးဖြီးဖြီးဆိုနေသူက သူ့အမေးမှာ ချက်ချင်း မျက်နှာမဲ့သည် .. ၊၊
" ဒါဆို ငါပြင်ရမှာလား .. ဒီလက်တွေနဲ့လေ .. ဒီခြေထောက်တွေနဲ့လေ .. "
ပတ်တီးဖွေးနေတဲ့ ညာလက်နဲ့ ထိခိုက်ထားပုံရတဲ့ ခြေထောက်နှစ်ဖက်ကို တက်နိုင်သရွေ့ မြှောက်ပြရင်းဆိုတော့ Yibo ဘာပြန်ပြောရပါ့ .. ၊၊
ČTEŠ
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfikceထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21