Part [85] အတိတ်နေ့ရက်များ _ ၄၃ [ Zawgyi + Unicode ]

675 84 22
                                    

Zawgyi


“ ဒီလက်​ဖက်​​ခြောက်​က ကျွန်​​တော်​တို့ နတ်​ဆရာနီ​တွေ အထူးစိုက်​ပျိုးထားတဲ့ လက်​ဖက်​​ခြောက်​ပဲ .. အနံ့အရသာနဲ့ ပြည့်​စုံရုံမက နှလုံးကျန်းမာ​ရေးအတွက်​လဲ အထူး​ကောင်းမွန်​တယ်​ ..
ဒီမုန့်​​ယောင်​ရဲ့ ဘာမဟုတ်တဲ့ ​လက်​​ဆောင်​​လေးကို လက်​ခံ​ပေးဖို့ ​မျှော်​လင့်​ပါတယ်​ .. ”

“ ဒီ​လောက်​တန်​ဖိုးကြီးတဲ့လက်​​ဆောင်​ကို ဘယ်လိုငြင်းလို့ဖြစ်​ပါ့မလဲ .. ၀မ်း​မြောက်​၀မ်းသာပဲ လက်ခံရမှာ​ပေါ့ .. ”

“ ​ကျေးဇူးပါ လန်​သခင်​​လေး ၁ .. ”

“ ဒါမဲ့ ​ကူးစူးလန်​က အရာရာပြည့်​စုံပြီးသားမို့ .. နောက်နေ့တွေ​ အပင်​ပန်းမခံနဲ့​တော့ .. ”

“ မုန့်​​ယောင်​ရဲ့ ​သိတတ်​မှုပါ .. အပန်းမကြီးပါဘူး ..
လန်သ​ခင်​လေး ၁ စိတ်​ထဲမထားပါနဲ့ .. ”

“ ... ”


________________________


“ ဒီ​ခြုံလွှာက အရမ်းပါး​နေ​ပေမယ့်​ လန်သခင်​လေး ၁ ကိုတော့​​  နှင်းဒဏ်​က​ ကာကွယ်​​ပေးနိုင်​ဖို့ ​မျှော်လင့်ပါတယ်​ .. အဟွတ်​ .. ”

“ ရတယ်​ မုန့်​​ယောင်​ ..
ငါအဆင်​​ပြေတာမို့ မင်းအတွက်​ပဲသုံးလိုက်​ .. ”

“ မဟုတ်​တာပဲ .. လန်​သခင်​လေး ၁ အတွက်​ ရည်ရွယ်ပြီး ရက်​ထားတာမို့ .. မုန့်​​ယောင်​ရဲ့​စေတနာကို မငြင်းလိုက်​ပါနဲ့ .. ”

“ ... ”


________________________


“ ​ဆေးဖ​ယောင်းတိုင်​အသစ်​​တွေ ထပ်​ယူလာခဲ့တယ်​ ..
အရင့်​အရင်​ နှလုံး​အေး အ​မွှေးတိုင်​​တွေအစား ဒီဖယောင်းတိုင်​က ပိုပြီး အကျိုးအာနိသင်​ရှိတယ်​ .. တစ်နေကုန်​လုံး စိတ်ကြည်​လင်​ပြီး ညဘက်​ဆိုလဲ နှစ်နှစ်ခြိုက်​ခြိုက် အိပ်ပျော်​​စေနိုင်​တယ်​ ..”

“ မုန့်​​ယောင်​ .. ”

“ မငြင်းပါနဲ့ .. လန်​သခင်​​လေး ၁ ကြည့်ရတာ ​အခုရက်ပိုင်း စိတ်​ဖိစီး​နေတယ်​ထင်​မိလို့ မုန့်​​ယောင်က အထူး​သီးသန့်​ စီရင်​လာခဲ့တာကို .. ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora