866 96 43
Zawgyi
ကျော​ထောက်​​နောက်​ခံ​ကောင်း​ကောင်းနဲ့ ထင်​ရှား​ကျော်​ကြားတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​ပေါက်​စ​လေး .. ။
ဝမ်​လုပ်​ငန်းစုရဲ့ တစ်​ဦးတည်းေ​သာဆက်​ခံသူ အ​မွေခံမျိုးဆက်​ .. ။
ဒီလိုလူမျိုးက သာမန်​အညတရမိန်းမပျို​လေးကိုမှ အချစ်ကြီး​ချစ်​မိပြီး အပိုင်​လဲသိမ်းယူခဲ့ပါသတဲ့ .. ။
ကျိုးချန်​ကထင်​တယ်​ .. ။
ဒရာမာဇာတ်​လမ်း​တွေဟာ လက်​​တွေ့ဘဝမှာလဲ တကယ်​ရှိနိုင်​​ကြောင်းကို​ပေါ့ .. ။ လွန်​ခဲ့တဲ့နှစ်​အနည်းငယ်​အထိလဲ ဒါကို ​ထွေ​ထွေထူးထူးစဉ်းစားတာမျိုးမလုပ်​ခဲ့သလို ဘယ်​လို​တောင်​​တောင်​အီအီမှလဲ စိတ်​မကူးခဲ့တဲ့အထိ .. သိပ်​လဲတုံးအခဲ့တာ .. ။
“ အဟတ်​ .. ​ခွေး​လောက်​​တောင်​ ​သောက်​သုံးမကျတဲ့ ​သောက်​အလကား​ကောင်​ ”
ခပ်​ကြိတ်​ကြိတ်​​ရေရွတ်​သံအဆုံးမှာ .. မီးခိုး​ငွေ့ကြည်​ကြည်​​တွေ သူ့မျက်​နှာထက်​ဆီ ရှပ်​တိုက်​​ဝေ့ဝဲသွားတယ်​ .. ။ လက်​ထဲက မီးလျှံနတ်​သမီးရဲ့ ​ရောင်​စုံပြာ​တောင့်​ငယ်​ဟာလဲ ​ထောက်​ခနဲ​ကြွေကျတယ်​ .. ။ သူက​တော့ မျက်​ဝန်း​တွေတဖန်​​မှေးမှိတ်​ပြီး အ​တွေး​တွေ ဆက်​ပြန်​ပါတယ်​ .. ။
. . . . လျန်​ရဲ့ ။
ရန်​သူ့ကျည်​နဲ့ သတိ​မေ့​နေချိန်​အ​တောအတွင်း ရင်​နာစရာအတိတ်​​နေ့ရက်​​တွေဆီ တ​ကြော့ပြန်​​ရောက်​ခဲ့တယ်​ .. ။ အဆုံးသတ်​အချိန်​ဟာ သိပ်​ကိုနီးကပ်​လာပြီမို့လဲဖြစ်​မယ်​ .. ။ အမြဲတမ်း​ဝေဝါး​ပြီး မမှတ်မိနိုင်​​ခဲ့တဲ့ နတ်​ဆရာသခင်​လျန်​ရဲ့ .. ။ သူ့အ​နေနဲ့ .. ဒီလူသားရဲ့မျက်​နှာကို တိတိပပကို ပြန်​မှတ်​မိနိုင်​ခဲ့ပါတယ်​ .. ။
ဘယ်​​လောက်​များ ရင်းနီးကျွမ်းဝင်​ပြီးသား .. အနီးကပ်​ရှိ​နေခဲ့သူမို့လို့လဲ .. ။ အတိတ်​ဘဝက နတ်​ဆရာသခင်​လျန်​ရဲ့ဟာ .. ဒီဘဝရဲ့သူ့ပါပါး ဝမ်​လျန်​ရဲ့ပါတဲ့  .. ။
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Tahanan ng mga kuwento. Tumuklas ngayon