3

283 13 0
                                    

Unicode

မမြင်ချင်တဲ့အရာမဟုတ်ပေမယ့်.....
မြင်နေရတဲ့မြင်ကွင်းတွေကြောင့် ရိပေါ်ရဲ့စိတ်ထဲမှာမသက်သာ။
အမြင်အာရုံကောင်းမွန်ရှင်းလင်းနေမှုအပေါ်အပြစ်တင်ချင်တဲ့မောဟစိတ်တို့ကတငွေ့ငွေ့တောက်တဲ့မီးတွေလိုမျိုး။

ဆထက်တံဘိုးတိုးလို့ခုန်လာတဲ့ရင်ခုန်နှုန်းတွေကြောင့် ရိပေါ်ရဲ့'တစ်ကိုယ်လုံးပူနွေးလာကာ...အခုန်လွန်နေသည့်ရင်အစုံကိုအဖြူရောင်ဆေးလုံးလေးနှစ်လုံးနဲ့ဖြေသိမ့်ရသည်။

ဆယ့်ခြောက်နှစ်ကြာတဲ့အထိအဲဒီစိတ်ငြိမ်ဆေးတွေသောက်နေခဲ့တာတောင်မှသူစိတ်တွေပုံမမှန်ဖြစ်နေဆဲ။
မျက်နှာချင်းဆိုင်ဆိုဖာပေါ်မှာမြင်နေရတဲ့စျာန်နဝါရီ'ကို "ရှောင်းကျန့်"မဟုတ်မှန်းသေသေချာချာသိနေတာတောင်မှကိုယ့်စိတ်ကိုကိုယ်ထိန်းလို့မရဘဲ...
တုန်ရီခြောက်ခြားချင်တယ်။
ဆေးသောက်ထားပြီးတာတောင်မှမငြိမ်သက်နိုင်တဲ့ရင်ဘတ်တစ်ခြမ်းကြောင့်လက်တွေခြေတွေပါတုန်ရီနေတော့...
ထိုင်ခုံနောက်မှီကိုခပ်လျော့လျော့မှီချလို့အရုပ်ကြိုးပြတ်ထိုင်ချတယ်။

မျက်လုံးတွေမှေးမှိတ်ထားတာတောင်မှစိတ်အာရုံဟာအလုပ်လုပ်တာမရပ်မနားဘဲပုံရိပ်ယောင်တစ်ခုကိုကြိုးကြိုးစားစားဖန်ဆင်းလာပြန်ကာ...
အာရုံထဲမှာဟက်ဟက်ပက်ပက်ပြုံးနေတဲ့ ရှောင်းကျန့်ရဲ့မျက်နှာ။
အားကျန့်"ရယ်...ခင်ဗျားဘယ်ဆီရောက်နေသလဲ။
ခင်ဗျား...ဘယ်သူနဲ့အတူရှိနေသလဲ။
ကျွန်တော့်ကိုရက်ရက်စက်စက်နှုတ်ဆက်ထားခဲ့ပြီးဘာတွေလုပ်နေခဲ့သလဲ...။
ကျွန်တော်မရှိတဲ့အရပ်မှာခင်ဗျားရပ်တည်နေနိုင်ရဲ့လား။
အဆင်ပြေလား။ အနေချောလား။

ဘယ်လိုကြားခံနယ်ကိုအသုံးပြုပြီးပို့ပေးရမှန်းမသိတဲ့မေးခွန်းပေါင်းများစွာကိုအသံတိတ်မေးနေမိရင်း...
မနေနိုင်အောင်တမ်းတလာသည့်နှလုံးသားကြောင့်ရိပေါ့်ရဲ့ပါးတစ်ဖက်ကပူနွေးစိုစွတ်လာခဲ့၏။

အဟက်....ချစ်မိခြင်းကြောင့်နာကျင်ရတဲ့ဒဏ်ရာတွေနဲ့ဘဝတစ်ခုလုံးသေသွားတာ...
အပြန်မရှိတဲ့လမ်းကိုရက်ရက်စက်စက်ရွေးချယ်သွားတဲ့ခင်ဗျားကရက်စက်လိုက်တာ။
ဒီကမ႓ာမှာခင်ဗျားမရှိတော့ဘူးဆိုတာသိနေတောင်မှကျွန်တော်လေ...ခင်ဗျားကိုပဲတမ်းတနေမိလို့....။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Tempat cerita menjadi hidup. Temukan sekarang