45

52 3 2
                                    


အသက်ရွယ်ကရင့်ထော်နေတော့မှ နေရာချင်းလဲပြီးနေလိုက်ကြဖို့ကပျော်စရာကိစ္စတွေမဟုတ်ပေမယ့်...လုပ်ကိုလုပ်ရမယ့်ကိစ္စမို့ အတတ်နိုင်ဆုံးကြိုးစားရုံမှလွဲ တခြားမရှိ။
အသက်ဆယ့်နှစ်နှစ်ကတည်းကဒီဂိုဏ်းထဲရောက်ခဲ့ရတဲ့ ကင်း'ကိုယ်တိုင်တောင်မှ...အခုထိ ဒီဂိုဏ်းထဲကကိစ္စတော်တော်များများကိုကောင်းကောင်းမကိုင်တွယ်နိုင်တာကြောင့်...
သက်လတ်ပိုင်းအရွယ်ကျမှရောက်လာတဲ့ရှောင်းကျန့် အဖို့လွယ်ကူမည်မဟုတ်တာ ရာနှုန်းပြည့်အသေအချာ။
အသက်နှစ်ဆယ့်ငါးဆိုတာဟိုမရောက်ဒီမရောက်အရွယ်ဖြစ်ပြီး အတိုက်ခိုက်နဲ့အသတ်အပုတ်သင်ယူဖို့ကလည်းတော်တော်နောက်ကျနေပါပြီ။
မိမိကိုယ်ကိုအကောင်းဆုံးကာကွယ်ဖို့နဲ့ တိုက်ရည်ခိုက်ရည်မှာဆရာတစ်ဆူဖြစ်နေမှသာလျှင် ဒီလိုအန္တရာယ်တွေဝိုင်းနေတဲ့လူအုပ်ကြားမှာရပ်တည်လို့ရမှာပါ။
ဒါကိုလူကြီးတွေကအတော်စိုးရိမ်နေခဲ့ကြ၏။
ငယ်ကတည်းက အတိုက်ခိုက်၊ အသတ်ပုတ်ပညာတွေမသင်ခဲ့ဖူးတဲ့ ရှောင်းကျန့် အတွက်တော့ သိပ်ကိုခက်ခဲလွန်းနေလိမ့်မှာကအသေအချာ။
ဒါပေမယ့် ဆုံးဖြတ်ပြီးပြီမို့နောက်မဆုတ်နိုင်တော့ပါဘူး။

"ကင်း'ကိုဘေးကင်းမယ့်နေရာကိုပဲအမြန်ပို့ပေးပါ...အဘိုးရယ်...
ကျွန်တော် ခိုင်းတဲ့အတိုင်းအားလုံးလုပ်ပါ့မယ်..."

ကောင်းခြင်းလို့မှတ်ယူရမလား၊ ဆိုးခြင်းတွေရောက်လာခဲ့သလားမသိသေးပေမယ့် ဒုတိယမြေးလေးကိုတွေ့လိုက်ရတော့ အဘိုးဖြစ်သူကတော်တော်အားတက်သွားခဲ့တဲ့ပုံ။
သို့သော်လည်း...အပြည့်ဝမပျော်ရွှင်နိုင်သေး။

"မင်းကိုတကယ်လက်ခံလိုက်လို့ဖြစ်ပါ့မလားစိတ်ပူတယ်...ရှောင်းကျန့်..."

"တကယ်စိတ်ပူတယ်ဆိုရင် ကျွန်တော့်ကိုရှောင်းကျန့်လို့ခေါ်မယ့်အစား...ကင်း'လို့ပဲခေါ်ပေးပါ...အဘိုး..."

ဆုံးဖြတ်ချက်တို့အတည်ဖြစ်သွားခဲ့ပြီးတဲ့ရှောင်းကျန့်ကတော့ နောက်ဆုတ်မယ့်ပုံမရှိတော့ဘူး။

"နောက်ပြီးတော့...ရှောင်းကျန့်'ဆိုတဲ့နာမည်ကိုလည်း မေ့ပစ်ပေးပါ..."

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now