34

98 3 1
                                    


မင်းပြောလိုက်၊ ငါပြောလိုက်နဲ့ ဖုန်းတစ်လုံးကိုသူ့လက်ထဲထည့် ငါ့လက်ထဲကိုထည့်လိုက်လုပ်နေရင်း အာ့ခီတို့တစ်အုပ်လုံးခေါင်းခြောက်ရသည်။
မတော်လို့ သူတို့လက်ချက်ဆိုတာသိသွားခဲ့ရင် သူတို့ကို ဂျိုးဝီကမဲတော့မှာကိုကြောက်သည်။

အရင်တစ်ခါက ကင်းကိုထိန်းချုပ်ပြီးသူတို့ကိုအရူးလုပ်ထားတဲ့ကိစ္စကိုအာ့ခီကဂိုဏ်းချုပ်သိအောင်လို့သတင်းပို့ဖို့ကြိုးစားခဲ့ဖူး၏။
အဲဒီတုန်းကကံဆိုးချင်တာလားမသိဘဲ...
ဂိုဏ်းချုပ်ကြီးဆီသူတို့သတင်းမပို့နိုင်ခင်မှာ ဂျိုးဝီရဲ့လက်ထဲသူတို့မိသွားခဲ့တာဖြစ်သည်။

ဂျိုးဝီကပက်စက်အောင်ယုတ်မာတတ်တယ်လို့သိနေကြပေမယ့် သူတို့ရဲ့မိသားစုဝင်တွေကိုဓါးစာခံလုပ်မယ့်အထိတော့ ယုတ်မာမည်လို့မထင်ခဲ့ပေ။

"ခြိမ်းခြောက်တာတို့ အကျပ်ကိုင်တာတို့၊ အောက်ဖဲလှန်တာတို့ဆိုတာ အင်အားပြပြီးလုပ်ရတဲ့ကိစ္စတွေကွ...
ဒီပုံစံနဲ့တော့ ဒီလောကထဲမှာမင်းတို့ ရေရှည်လုပ်စားလို့မရလောက်ဘူး...ခွေးကောင်တွေရ...
မင်းတို့ကို မင်းတို့ရဲ့သခင်လေးကအသင်ပြညံ့တယ်ထင်တယ်...
ဘယ်လိုလဲ...အဆက်ဖြတ်ထားပါတယ်လို့ပြောပြီး နောက်ကွယ်ကနေတိတ်တိတ်လေးထောက်ပံ့ပေးနေတဲ့မင်းတို့ရဲ့မိသားစုဝင်တွေကို ငါနှိပ်စက်ပြတာမျိုးကောင်းကောင်းမြင်ချင်တယ်ဆိုရင်...
ဒီကိစ္စတွေကိုပြောကြည့်လိုက်လေ..."

မျက်စိရှေ့မှာရှိနေတဲ့လူတစ်အုပ်ကို မျက်နှာအုပ်ပြီးကြိုးတုပ်ထားလို့ဘယ်သူတွေမှန်းမသိပေမယ့်
ဂျိုးဝီရဲ့လူတွေကလက်ချောင်းလေးတွေကို တချောင်းချင်းချိုးပြနေခဲ့တာ...
ဘီစကစ်မုန့်လက်ညိုးလေးတွေကိုကျိုးအောင်ချိုးနေသလို လွယ်ကူစွာ။
မျက်နှာလဲအုပ်ထားပြီး ပါးစပ်ကိုလဲတခုခုနဲ့ပိတ်ထားပုံရတာကြောင့် လက်အချိုးခံရတဲ့သူဆီကနေ အုအုအအနဲ့ အော်သံတွေကတော်တော်ကြာအောင်မစဲခဲ့။
ပါးစပ်သာပိတ်မထားဘူးဆိုလျှင် နာကျင်ရလွန်းလို့ အော်သံတွေနဲ့အဲဒီအခန်းကငရဲပမာပွက်လောရိုက်နေလောက်သည်။

"ဘယ်သူဘယ်ဝါမှန်းတော့ငါလဲမသိပေမယ့်...
ဟာ့ယာ့မီမျိုးနွယ်စုတဲ့..."

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now