60

75 5 6
                                    


လီယို....ဖိုးရွှေလမင်းလဲမဟုတ်သလို...
အောင်သွယ်တော်ဘဝကိုလဲမနှစ်သက်ပါ...။
ဒါပေမယ့် လက်ရှိမှာတော့...အဖြည့်ခံဖြစ်လို့နေရဆဲ...။
လက်တွေချိတ်ပြီး ပျော်ရွှင်ရင်းတွဲသွားကြတာမဟုတ်တောင် ကျောပြင်လေးတွေကိုမမြင်ချင်လို့မျက်နှာလွဲထားမိတယ်...။
တကြိမ်ပြီးတကြိမ်နဲ့ မြင်ဖန်များလာရင် ရိုးသွားမလားမပြောတတ်ပေမယ့်...အခုလက်ရှိမှာတော့ စိမ်းသက်နေတုန်းပဲ...။

"ကောင်းတော့ကောင်းပါတယ်...တို့ဆရာလေး တသက်လုံးအထီးကျန်နေမှာထက်စာရင်တော့..."

ကားထဲမှာစောင့်ကျန်ခဲ့ကြရင်း အာ့ခီကအမှတ်တမဲ့ပြောမိတယ်...။
ပြီးမှသတိရလာခဲ့လို့ ကြည့်လိုက်တော့...လီယို့မျက်နှာလေးမှိုင်းညှို့လို့နေပြီ...။

"ဟာ...ဆောရီး...တမင်ပြောတာမဟုတ်ဘူး..."

"သိပါတယ်...အာ့ခီနီးရာ...
အဲဒါ အမှန်ပဲဆိုတော့ လက်ခံရမှာပဲလေ..."

"မင်းကိုအားနာပေမယ့်ကွာ...
ငါတို့အနေနဲ့ ဆရာလေးကို မိန်းကလေးတစ်ယောက်နဲ့တကယ်လက်ထပ်စေချင်တာ...
ကလေးသေးသေးလေးတွေမွေးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားစေချင်တာ...
အခုဆိုမင်းသိတဲ့အတိုင်းပဲ...
ဆရာလေးကအတိတ်တွေထဲမှာပဲ ငြိမ်သက်အေးခဲပြီးတော့နေနေတာ...
တကယ်ဆို အတိတ်မှာသူဆုံးရှုံးခဲ့ရတဲ့အရာတွေအစား လက်ရှိမှာပျော်ရွှင်မှုတွေကိုရရှိနေရမှာမဟုတ်လား..."

အဲဒီလိုဆိုတော့လည်း အစ်ကို့ကို သနားမိသားပဲ...။
အတိတ်ထဲမှာပဲပိတ်လှောင်ပြီး အချုပ်ခံရင်းဖြတ်သန်းနေခဲ့တာ...
သူဆုံးရှုံးခဲ့ရတဲ့ အိပ်မက်၊ ဘဝ၊ ဝါသနာ၊ အောင်မြင်ခြင်းတွေအစား...ပျော်ရွှင်စရာနည်းနည်းလေးတောင်မရှိတာကရင်နာစရာ...။

"ဒါတွေအားလုံး ရိပေါ်ဆိုတဲ့ဟိုငနဲကြောင့်..."

သိပ်မဆိုင်ဘူးဆိုပေမယ့်...ဒါဟာလည်း ရှောင်းကျန့်မပျော်ရွှင်ရခြင်းရဲ့အကြောင်းပြချက်ပဲမဟုတ်လား...။

"အဲဒီကောင်အကြောင်းတွေဘာမှကိုမသိရတော့တာနော်..အာ့ခီနီး..."

"အင်း...ရူးသွပ်ပြီး ပျောက်ကွယ်သွားတာလို့ပြောနေကြတယ်..."

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now