36

44 5 2
                                    


ကားမောင်းတာတော်တော်မြန်တဲ့ဂျူဝယ့်လ်ဒရိုင်ဘာကြောင့် သူတို့ထက်အရင်ထွက်သွားတဲ့ ရှောင်းကျန့်တို့ရဲ့ ကားနောက်ကိုခဏလေးနဲ့မီလာခဲ့တယ်။

"မြင်နေပြီ ဦးလေးဖြေးဖြေးပဲမောင်းတော့..."

သူတို့ရှေ့ကကားအနက်ကလေးကဖြေးဖြေးမှန်မှန်ပဲဆိုတော့ သူတို့လဲအရှိန်လျော့ချရတယ်။
မောင်းလိုက်လာပြီးသိပ်မကြာတဲ့အချိန်မှာ...
ဂျူဝယ်လ်တို့ကားရဲ့နောက်ပါးဆီမှကားတစ်စင်းကအချက်ပြမီးနဲ့လမ်းတောင်းလာတာကြောင့် ရှေ့ကရှောင်းကျန့်တို့ရဲ့ကားကိုမခွာဘဲနဲ့ လမ်းဘေးကိုပဲချပြီးလမ်းပေးလိုက်ရတယ်။
ဒါပေမယ့် သူတို့ထင်ထားသလို ကားကျော်တက်ခြင်းမဟုတ်ဘဲ ရှောင်းကျန့်ရဲ့ကားကိုနောက်ယောင်ခံနေသလိုပဲ။
ရှောင်းကျန့်ရဲ့ကားနောက်မှာ ရိပေါ်တို့ကားရော၊ နောက်ထပ်ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ကားအနက်တစ်စင်းရော ပုခုံးချင်းယှဉ်လို့ရှိနေခဲ့ကာ...
လေးလမ်းသွားလမ်းမကြီးပေါ်မှာ ကားသုံးစီးထဲနဲ့ပြည့်ကျပ်လို့နေပြီ။

"ဘာလဲဟ... အဲဒီကားက...ကျော်တက်မှာဖြင့်တက်ပါလား..."

အဲဒီကားနည်းတူ ရိပေါ်တို့လဲနောက်ကလိုက်နေရင်းလမ်းခုလတ်အရောက်မှာတော့ ရှောင်းကျန့်တို့ကားလေးကိုပိတ်ရပ်လိုက်တော့ သူတို့ကားလေးလဲရပ်တန့်သွားတယ်။

"ဘာဖြစ်ကြတာလဲ...".

ပိတ်ရပ်လိုက်တဲ့အဲဒီကားထဲကလူလေးယောက်ထွက်လာခဲ့ပြီး ရှောင်းကျန့်တို့ရဲ့ကားတံခါးလဲပွင့်လာခဲ့တယ်။
ဘာလဲ...?...
သူထင်တဲ့အတိုင်း...ရှောင်းကျန့်ထပ်ပြီးယုတ်မာခံရပြန်ပြီလားမသိ။
မဖြစ်တော့ဘူး...တခုခုမကောင်းတာဖြစ်နေပြီလို့ခံစားလာရတော့ရိပေါ်ကကားပေါ်ကနေဆင်းရတော့တယ်။
ရပ်သွားကြတဲ့နေရာက သိပ်ပြီးမှောင်မိုက်ချောင်ကျတဲ့နေရာတော့မဟုတ်ပေမယ့် လူသွားလူလာသိပ်မရှိတဲ့ ညနက်ဘက်မို့စိတ်ပူရတယ်။

"ဟိတ်...နင်ဘာသွားလုပ်မလို့လဲ...ရိပေါ်..."

ဂျူဝယ်လ်က ဝိုင့်'ကိုတားတယ်။

"မရဘူး...ငါသွားမှဖြစ်မှာ...သူတို့တခုခုဖြစ်နေတာသေချာတယ်..."

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now