"ရှောင်းကျန့်ရာ...မင်းခေါင်းမမာစမ်းနဲ့...
အဲဒီအမှောင်လောကထဲကအလုပ်တွေက မင်းနဲ့မအပ်စပ်ဘူးကွာ..."ဘယ်လိုပဲကြိုးစားပါ့မယ်ပြောပြော ကင်းကတော့ ညီဖြစ်သူကိုဒီအတိုင်း လက်မလွတ်ပေးလိုက်နိုင်ပါ။
ဒါပေမယ့်လည်း သူ့ကျန်းမာရေးအခြေအနေအရ ရှောင်းကျန့်ကိုလွန်ဆန်နိုင်ခြင်းရှိမနေခဲ့ဘဲ သူထားတဲ့နေရာမှာနေနေရတဲ့ဘဝ။"ဘာဘာညာညာတွေးပူမနေနဲ့...ကင်း...
မင်းအရင်လိုပြန်လည်ကျန်းမာလာဖို့ပဲအရေးကြီးတာ...
မင်းရဲ့မိသားစုလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေရတော့မှာ...မကြာခင် မင်း...ဆူးနဲတွေ့ရင်သိပ်ပျော်ရမှာ..."ဆူးမှာကိုယ်ဝန်ရှိတယ်ဆိုတာကို ကင်း'ကမသိတော့ ရှောင်းကျန့်ရဲ့စကားမှာ နည်းနည်းဇဝေဇဝါဖြစ်သွားတယ်။
"ဘယ်မှာမှန်းမသိတဲ့မိသားစုကိုခဏထားစမ်းကွာ...
တောက်ပနေတဲ့မင်းဘဝကြီးတစ်ခုလုံးဒီတိုင်းကြီးရေစုန်မျှောသွားမှာ ငါခွင့်မပြုနိုင်ဘူး...ရှောင်းကျန့်...
ငါ့ကိစ္စတွေငါရှင်းနိုင်တယ်...မင်းဝင်မရှုပ်စမ်းနဲ့...
အောင်မြင်နေတဲ့မင်းဘဝလေးကိုငါဘယ်လိုအပင်ပန်းခံပြီးကာကွယ်ခဲ့ရတယ်ဆိုတာ မင်းသိသားနဲ့...""အေး...ငါကလည်း မင်းရဲ့အသက်အန္တရာယ်ထိပါးခြိမ်းခြောက်နေတာကိုဒီတိုင်းခွင့်မပြုချင်တော့ဘူး...ကင်း...
တသက်လုံး ငါ့ကိုမင်းစောင့်ရှောက်လာခဲ့တာ...ဒီလောက်အပင်ပန်းခံရရင်တော်တော့...ငါ...ကလေးမဟုတ်တော့ဘူး...""ကျွတ်စ်...ရှောင်းကျန့်...မင်းကွာ..."
ငယ်ငယ်လေးကတည်းက စိတ်ထားသိပ်နူးညံ့ပြီး ဆိုဆုံးမရလွယ်ခဲ့တဲ့ ရှောင်းကျန့်ကအခုတော့အပြောင်းလဲကြီးပြောင်းလဲနေပြီ။
မရိတ်မသင်ဘဲနဲ့ သဘာဝအတိုင်းလွတ်ထားတဲ့မျက်ခုံးထူထူတန်းတန်းတွေကိုဆက်လုမတတ်တွန့်ကုပ်ထားတဲ့ ရှောင်းကျန့်ရဲ့မျက်နှာချောချောကို ငေးကြည့်နေရုံပဲတတ်နိုင်တော့တယ်။
သူတို့နှစ်ယောက် နေရာချင်းအလှဲအလှယ်လုပ်ခဲ့ကြပြီကိုး။
ဒီနေ့ အိပ်ယာနိုးလာတာနဲ့ရုတ်တရက်ကြီး ပေကျင်းကိုရောက်နေခဲ့တော့ ကင်းက လန့်သွားခဲ့တယ်။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...