ဒါဟာ...တမင်တကာလား..........
တိုက်ဆိုင်ချင်တာလား...............
တွေ့ချင်လို့ရှာဖွေတုန်းကတော့ အရိပ်ကလေးတောင်မှမတွေ့နိုင်ခဲ့ဘဲနဲ့...
တည့်တည့်ကြီးဝင်တိုးတဲ့အချိန်မှာ.....ကံကြမ္မာကနောက်ပြောင်နေသလိုပဲ...။
ဒီမိန်းကလေးနဲ့...သူ...ဘယ်လိုကံကြမ္မာပါလဲ.................."ဟေ့...ဒီမှာ...သတိထားဦးလေ..."
သူမကိုကယ်ပါလို့ တစ်ခွန်းလောက်ပဲပြောပြီး
ဆူးက အဲဒီနေရာမှာတင်ခွေလဲမေ့မျောသွားခဲ့တယ်...။
ပိုပိုပြီးသည်းလာတဲ့ မိုးစက်တွေအောက်မှာ သူတို့နှစ်ယောက်လုံးမိုးရေတွေနဲ့....."ပြဿနာပါပဲ...ဆူး...ဟေ့...ထပါဦး..."
ဒီအတိုင်းဆက်နိုးနေရင် မိုးရေတွေကြောင့်နှစ်ယောက်စလုံးကြွက်စုတ်ဖြစ်တော့မှာဆိုတော့ မစဉ်းစားတာ့ဘဲ သူမကိုပွေ့ချီပြီး သစ်ပင်ခပ်အုပ်အုပ်တွေကြားပြေးဝင်သွားလိုက်တယ်။
တော်ရုံနဲ့စဲမယ့်ပုံမရတဲ့မိုးက...ရွာလို့ကောင်းနေဆဲ...။
XXXXX
လေဝင်လေထွက်ကောင်းမွန်ပြီး အလင်းရောင်အသေအချာရတဲ့အခန်းထဲမှာရှိနေရပေမယ့် ကိုတာတာ့အတွက်တော့ နက်ရှိုင်းလှတဲ့ပင်လယ်သမုဒ္ဒရာရဲ့ခပ်မှောင်မှောင်ကြမ်းပြင်တစ်နေရာကိုရောက်နေရသလိုပဲ...။
မျက်လုံးတွေလဲသေချာမမြင်ရသလို...
နားတွေလဲသေချာမကြားရတော့ဘဲ အသက်ရှူတွေလဲကျပ်ချင်နေပြီ...။
ရိပေါ်နဲ့...ရှောင်းကျန့်ရဲ့အမျိုးသမီးက ဘယ်လိုလုပ်ပြီးအတူတူရှိနေကြတာလဲ...။မနေ့ညတုန်းက ရိပေါ်နေတဲ့အပန်းဖြေအိမ်နားတဝိုက်မှာ မူးယစ်ဂိုဏ်းတွေပြဿနာဖြစ်ကြတဲ့အကြောင်း ကြားကြားချင်းမှာပဲ ရိပေါ့်အတွက်သိပ်စိတ်ပူသွားခဲ့ပြီး ပေကျင်းမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေကိုပစ်ထားခဲ့လိုက်ကာ ထိုင်ဝမ်ကိုညတွင်းချင်းပြန်ခဲ့ရတယ်...။
ရောက်မယ့်ရောက်တော့လည်း သိပ်ကိုခေါင်းခဲချင်စရာပြဿနာကဆီးကြိုလို့...။ရိပေါ့်ဆီမှာ....ရှောင်းကျန့်ရဲ့အမျိုးသမီး ဆူးက...ဘယ်လိုလုပ်ပြီး....
သွေးရိုးသားရိုးတိုက်ဆိုင်မှုမဟုတ်ဘူးလို့ခံစားနေရပေမယ့်...ဒါကို သက်သေပြဖို့အရာကလည်းဘာမှမရှိ။
သူတို့နှစ်ယောက်ကို ဒီလိုအမှတ်မထင်တွေ့ဆုံပေးကာ.....ကံကြမ္မာကဖန်တီးချင်နေတာ ဘယ်အရာပါလဲ...။
ရှေ့ဖြစ်နောက်ဖြစ်တွေကို တပ်အပ်ကြီးမသိနိုင်ပေမယ့်...ရိပေါ်အလိုရှိနေတဲ့အရာကိုတော့...ကိုတာတာ သေချာပေါက်ကိုသိနေတယ်...။
![](https://img.wattpad.com/cover/253121991-288-k341731.jpg)
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...