အကူညီဆိုတာအလကားတောင်းရတာမျိုးမဟုတ်မှန်းနားလည်ပေမယ့်...
ဘဝနဲ့ချီတဲ့အခွင့်ရေးကိုပေးဆပ်ရမယ်လို့တော့ ရှောင်းကျန့်'မထင်ခဲ့ပေ။"မင်းစဉ်းစားဖို့ပဲလိုတယ်...ရှောင်းကျန့်...
ဒီအပေးအယူကိုမင်းကပဲစတင်ပြီးတောင်းဆိုလာလို့လိုက်လျောတာနော်...
ငါကအကျပ်ကိုင်တာမဟုတ်ဘူး..."အမြဲတမ်းအနိုင်ပိုင်းစရာကိုအရင်ရှာထားတတ်တဲ့ဂျိုးဝီကဘယ်လိုအခြေနေမှာမဆိုအထက်စီးကနေဖို့စိတ်ကူးထားပုံရသည်။
လက်ရှိပြဿနာတွေကိုဖြေရှင်းဖို့ ရှောင်းကျန့်ဘက်မှာဘာအင်အားမှရှိမနေတော့...
အင်အားကြီးသူထံကိုပဲချည်းကပ်ခဲ့ရ၏။
ဒီပြဿနာကအစကတည်းကမတရားဘူးဆိုတာကိုသဘောပေါက်ပေမယ့်...
သူ့ဘက်ကဖြေရှင်းဘဲနေလို့လဲမရတာကြောင့်...
ရွေးချယ်စရာမရှိတဲ့သူ့အဖြစ်က ပင်လယ်ရေကိုပဲအငမ်းမရသောက်နေမိတဲ့ရေဆာသူလိုမျိုး။
ဒီအချိန်မှာအန်ကယ်ဂျိုးဝီတောင်းဆိုလာတာကိုခေါင်းညိတ်ချလိုက်လျှင်...
သူ့ဘဝမှာတစ်ကြိမ်ပဲရမည့်အခွင့်ရေးကိုဆုံးရှုံးရပေမည်။
ဒါမှမဟုတ် အပေးယူမလုပ်ဖြစ်တော့လျှင်...
သူ့ဘဝတစ်ခုလုံးဖျက်မရတဲ့အမဲစက်ထင်သွားနိုင်၏။
အစကတည်းကဒီပြဿနာက ရိပေါ့်ကိုဦးတည်တာမဟုတ်ဘဲ
သူ့ဆီကိုပဲပစ်မှတ်အကြီးကြီးထားပြီးဝိုင်းတိုက်ခိုက်ကြတာမို့...
ရိပေါ်ဘက်ကကိုယ်လွှတ်ရုန်းသွားနိုင်တာတောင်မှ
သူ့ကိုဆက်လက်ပြီးတိုက်ခိုက်ကြမယ်ဆိုတာသေချာသလောက်ရှိနေပါသည်။
အဲဒီလိုတိုက်ခိုက်ခံရလို့ ဒီလောကထဲမှာသူအလုပ်လုပ်ခွင့်မရှိတော့ဘူးဆိုလျှင်...
စဉ်းစားရုံနဲ့မောကျပ်ချင်လာကာ...သက်ပြင်းချမိတော့သည်။
မဖြစ်သေးဘူး...သူ ကိုယ်ပိုင် အယ်လ်ဘမ်လေးတစ်ချပ်တော့သေချာပေါက်လုပ်ရဦးမှာ။"မင်းစဉ်းစားချင်တယ်ဆိုရင် နာရီတပတ်လည်တဲ့အထိအခွင့်ရေးပေးမယ်...
နာရီလက်တံကနံပတ်ခုနစ်ကနေ နောက်တစ်ကြိမ်နံပတ်ခုနစ်ဆီပြန်ရောက်တာနဲ့ ဖုန်းပြန်ဆက်လိုက်ပေါ့..."သူ တွေဝေနေခဲ့တာကိုအန်ကယ်ဂျိုးဝီကကောင်းကောင်းသဘောပေါက်ပုံရသည်။
မျက်နှာချင်းဆိုင်မဟုတ်ဘဲ ဖုန်းပြောနေရင်းနဲ့တောင်တဖက်သားဆီကသူ့စိတ်ကိုမြင်သွားနိုင်တဲ့အထိ မူပျက်နေမိခဲ့တာ...
ရှောင်းကျန့်မဟုတ်တဲ့အတိုင်း။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...