"ဘာရှာတာလဲ...သခင်လေး..."ကျီးကန်းတောင်းမှောက်တော့မဟုတ်ပေမယ့်...
သခင်လေးရဲ့မျက်လုံးတွေကတခုခုကိုရှာဖွေနေတာလို့
အာ့ခီရိပ်မိလိုက်တယ်။"မဟုတ်ဘူး...ဒီလိုပဲ..."
စကားလဲသိပ်မပြောဘဲ ခါတိုင်းထက်ပိုပြီးငြိမ်နေတဲ့သခင်ဖြစ်သူကိုအာ့ခီကအရိပ်တကြည့်ကြည့်။
ဒီနေ့ကျမှ သခင်လေးကပိုပြီးတောက်ပနေတာ...
ခါတိုင်းနဲ့တောင်မတူဘဲ ထင်းလို့လင်းလို့။
နုဖတ်ပြီးဝင်းနှစ်နေတဲ့မျက်နှာလေးကပေါင်းတင်လာတာလား၊
ချစ်ရသူကပဲပြင်ဆင်ပေးခဲ့တာလား...
ရှေ့ကနေကြည့်ကြည့်၊ နောက်ကနေကြည့်ကြည့်၊ ဘေးကနေကြည့်ကြည့်၊
ဘယ်လိုကြည့်ကြည့် ကင်းကခါတိုင်းနဲ့မတူဘူးဆိုတာသေချာနေတယ်။"ခြေအိတ်စီးမယ်နော်..."
ယောင်ယောင်မှားမှားနဲ့ ဘယ်ဘက်ခြေကိုထိုးပေးပြီးမှခြေအိတ်တဝက်လောက်ရောက်တော့ ရှောင်းကျန့်ကခြေကိုပြန်ရုတ်တယ်။
"အာ့ခီ...ရပြီ...ကိုယ့်ဘာသာစီးမယ်..."
"ဟင်..."
ပြောပြောဆိုဆိုနဲ့ဖျတ်ခနဲ ကိုယ်ကိုကုန်းချပြီး ရှောင်းကျန့်ကတစ်ဝက်ဝင်နေပြီးဖြစ်တဲ့ဘယ်ဘက်ခြေအိတ်ကိုထိုးစွပ်တယ်။
အဝတ်ဝတ်ပေးတိုင်းဘယ်တုန်းကမှအဲလိုငြင်းခဲ့ဖူးခြင်းမရှိလို့ အာ့ခီကပိုအံ့သြနေတာ။
ဘယ်နဲ့ညာဆိုရင် ညာဘက်ခြေကိုအရင်ထိုးပေးတတ်တဲ့အကျင့်ကအခုတော့ပြောင်းသွားတာလား...?...
အမြဲညာဘက်ကိုအရင်ထိုးပေးတတ်တဲ့သခင်လေးကဘယ်ဘက်ခြေကြီးကိုအရင်ထုတ်တော့ ခြေအိတ်ဘယ်ညာကိုပြန်ပြောင်းယူရသေးတယ်။
ဘာရယ်မဟုတ်ပေမယ့်...သခင်လေးကတမျိုးဖြစ်နေတာတော့သေချာတယ်။"နောက်တဖက်ပေးပါ..."
ခြေအိတ်အဖြူရောင်ကိုဆွဲယူလိုက်တဲ့ လက်ဖျားတွေများနုရဲနီမြန်းနေတာ...ပတ္တမြားသီးလေးတွေတပ်ထားတဲ့အတိုင်းပဲ...
သူတို့သခင်လေးအရမ်းလှတယ်လို့တွေးမိတော့ အာ့ခီခေါင်းကိုခါပစ်တယ်။
ယောကျာ်းလေးကလှစရာလား...
ထည်ဝါသန့်ပြန့်တာ...အင်း...နေမင်းကြီးလိုပဲ။နောက်ပြီး မျက်ခုံးရိတ်တတ်တဲ့အကျင့်ရှိတဲ့သခင်လေးက ဒီနေ့မှမျက်ခုံးမွှေးအနည်းငယ်ထူနေခဲ့ပြီး ဘယ်တုန်းကမှရိတ်သင်ထားပုံမရှိတဲ့မျက်ခုံးစပ်လေးနားကအမွှေးနုတွေကြောင့် အံ့သြနေမိသေးတယ်။
ဂျပန်မှာအရွယ်ရောက်ပြီးတဲ့သူတော်တော်များများ ယောကျာ်းလေးရောမိန်းကလေးပါမျက်ခုံးမွှေးရိတ်ကြတာထုံးစံလိုဖြစ်နေပြီ။
ဒါ့ကြောင့် သခင်လေးကင်း'ကလည်း အမြဲရိတ်တတ်တယ်ဆိုတာကိုသိနေခဲ့တာ။
ဒီတခါကျတော့သူအမြင်မှားတာလား...
အဲဒီမျက်ခုံးမွှေးတွေထူနေတာ...
ငေါ့တော့တော့နဲ့တွေးပြီး ခြေလှမ်းသိပ်ကျဲတဲ့ ရှောင်းကျန့်နောက်ကိုအာ့ခီအပြေးလိုက်ရတယ်။

أنت تقرأ
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
أدب الهواةစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...