Omatase.....
🤗🤗🤗(မတွေ့တာကြာပြီနော်
လာမတင်ပေးနိုင်တာအားလဲနာရတယ်
အားလုံးကျန်းမာရေးဂရုစိုက်ပါ
အသည်းတွေထပ်မခွဲကြပါနဲ့လို့...)"မထားခဲ့ပါနဲ့...ကိုရယ်.....ကျွန်တော်တောင်းပန်ပါတယ်..."
အိပ်မက်တွေလား...
ဒါ...အိပ်မက်တွေမလား...
ဝမ်းနည်းခြင်းမှတ်တမ်းတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဘယ်နေရာကြည့်ကြည့် မှုန်မှို်င်းလို့။
ကြားနေရတဲ့ရှောင်းကျန့်ရဲ့သီချင်းသံတွေက သူ့စိတ်ကိုပိုပြီးယစ်မူးထကြွစေတယ်။နှစ်သန်းပေါင်းများစွာတည်ရှိနိုင်တဲ့ကြယ်တွေမှာလဲကြွေချိန်ဆိုတာရှိတယ်...တဲ့လား။
ခင်ဗျားကျတော့ နှစ်ဆယ်စုကိုနည်းနည်းလေးစွန်းပြီးတော့ရှင်သန်ရရုံရှိသေးတယ်လေ။
ဘာလို့ ဒီလောက်အစောကြီးကြွေကျခဲ့တာလဲ...
ကျွန်တော့်ရဲ့ ကြယ်ပွင့်လေးရယ်။
သီချင်းထုတ်လွင့်မှုပြုလုပ်နေဆဲဖြစ်တဲ့ ဆိုင်းဘုတ်နဲ့ တီဗီဖန်သားပြင်ကြီးကို စိတ်ရှိလက်ရှိထုရိုက်အိုက်ခွဲပစ်ပြီးမှ ရိပေါ်အသိဝင်လာတယ်။
ငါ...လူတွေရှေ့မှာပေါက်ကွဲမိပြန်ပြီပဲ။
ဆွံ့အငေးမောနေတဲ့ပတ်ဝန်းကျင်က လူထုကြီးကိုတစ်ချက်ဝေ့ကြည့်ပြီး ကားပေါ်ကိုပြန်တက် မောင်းထွက်ခဲ့လိုက်တယ်။
သိပ်မကြာတဲ့အချိန်မှာ သူ့အမေဆီဒီသတင်းရောက်ပြီး ပြဿနာရှင်းရတော့မှာပဲ။"ဒီပုံစံနဲ့ဆို သူ...နဂိုပုံမှန်ပြန်ဖြစ်ဖို့မလွယ်ဘူး...
ပတ်ဝန်းကျင်အသစ်တစ်ခုမှာ သူ့စိတ်ကိုကုစားဖို့လိုနေပြီ...
ဖြစ်နိုင်ရင် သူ့ကို ဒီမြို့ကနေ ပြောင်းရွေ့ပေးစေချင်တယ်...
ရှောင်းကျန့်ရဲ့သတင်းတွေကိုထပ်မကြားရလောက်တဲ့နေရာမျိုး...သူတို့အမှတ်တရတွေမရှိလောက်တဲ့နေရာမျိုး..."ရိပေါ့်အာရုံတွေကိုပြောင်းပစ်ဖို့ ဆရာဝန်တွေအကြံပေးတဲ့အတိုင်း ထိုင်ဝမ်မှာရှိတဲ့ ဝမ်းကွဲညီမတစ်ယောက်ဆီမှာ ရိပေါ့်ကိုသွားထားဖို့စီစဉ်ကြတယ်။
"မနက်ဖြန်ရှောင်းကျန့်ဆီကိုသွားမယ်..."
လိမ်ညာနေရတာကိုစိတ်မကောင်းပေမယ့် ရိပေါ်ကိုလှည့်စားနိုင်ဖို့က ဒီနာမည်လေးပဲရှိတယ်။
ဒါပေမယ့် စိတ်အာရုံခြောက်ချားထွေပြားနေတာက လုံးဝရူးသွပ်နေတာမျိုးမဟုတ်တော့ ရိပေါ့်ကိုအမြဲတမ်းလှည့်စားနိုင်ဖို့ကမလွယ်ကူဘူး...။
![](https://img.wattpad.com/cover/253121991-288-k341731.jpg)
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...