48

86 2 4
                                    



သူ့ဘဝကခလုတ်တိုက်ပြီးလဲကျရတာကိုကြိုက်နှစ်သက်တယ်လို့ရှောင်းကျန့်ကထင်တယ်။
တစ်ကြိမ်မကလဲကျဖူးထားတဲ့ ဒဏ်ရာတွေဗရပွနဲ့ဘယ်နေရာကနာရမှန်းတောင်မသိတော့ဘူး။
ဒါပေမယ့် နာကျင်မှုတွေအားလုံးထဲမှာ အန်ကယ်လေးကိုစိတ်နာနေမိတာကအဆိုးဆုံးပဲ။

ဒီရင်ဘတ်ရဲ့ဟိုးအတွင်းဆုံးနေရာကနေနာတယ်...။

နှစ်အိုးခွဲထုတ်လိုက်တဲ့အရိုးပြာအိုးလေးကိုသေချာချိတ်ပိတ်နေရင်း အံကိုပဲတင်းတင်းကြိတ်ထားမိတယ်။
လက်စားချေချင်တဲ့စိတ်တို့ကဘယ်လိုမှလျော့ပါးမသွားတာသေချာတော့...အခုကနေစပြီးကိုယ့်စိတ်ကိုကိုယ်ပြင်ဆင်ပြီး ဒီပွဲကိုနိုင်အောင်တိုက်မယ်။
ကင်းအတွက်၊ ဘယ်နေရာမှာဘယ်လိုသေသွားမှန်းမသိတဲ့ မမြင်ဖူးလိုက်တဲ့သူ့အဖေမဟာအတွက် သေချာပေါက်ပြန်ပေးဆပ်စေမယ်။

ချော့ချော့ခြောက်ခြောက်နဲ့ ဆန်းကာဒိုစံနဲ့အဘိုးလေးတို့ရဲ့နှစ်သိမ့်စကားတွေကိုတညလုံးနားထောင်ပြီးတော့ ရှောင်းကျန့်ကိုယ့်စိတ်ကိုကိုယ်ပြင်ဆင်လို့နိုင်သွားတယ်။

"လူသတ်တာကလွယ်တယ်...ရှောင်းကျန့်ရဲ့...
နောက်ဆက်တွဲတွေကပဲဖြေရှင်းရခက်တာ...
လက်စားချေချင်တဲ့စိတ်ကိုငါတို့နားလည်ပေမယ့် နည်းလမ်းကောင်းမဟုတ်လို့ မင်းကိုတားဆီးနေရတာ...
သေဆုံးသွားတဲ့ ငါ့တူ မဟာ'အတွက် ငါတို့လဲ ခံပြင်းနေဆဲပဲ...
မင်းမှမဟုတ်ဘူး..
ဂျိုးဝီကိုငါတို့လဲသတ်ချင်တယ်...
မဖြစ်နိုင်ဘူးဆိုတဲ့နောက်ကွယ်ကအကြောင်းရာတွေကို မင်းလဲနားလည်နေလောက်ပါပြီ..."

တစ်လလောက်နဲ့ ဒီဂိုဏ်းရဲ့အခြေနေအဝဝကိုရှောင်းကျန့်လဲနားလည်နေပါပြီ။
ခေါင်းဆောင်ဂိုဏ်းချုပ်ကြီးမရှိတော့တဲ့ခဏမှာ လူယုတ်မာတွေရဲ့ ပက်စက်မှုတွေကြောင့် ဒုက္ခတွေတပုံကြီးနဲ့ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ဘေးကျပ်နံကျပ်ပဲ။
ဒါကိုအစဆွဲထုတ်ပြီးဖြေရှင်းဖို့ကြိုးစားနေရတဲ့ကာလမှာ ဂိုဏ်းချုပ်ဖြစ်ကာစ သူကပြဿနာအကြီးကြီးထပ်ရှာလို့မဖြစ်တာနားလည်ပါရဲ့။
ဒါကြောင့်လဲ ဒေါသတွေကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားရတယ်။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now