11

70 4 0
                                    


"ဖေဖေ့အစ်ကိုအန်ကယ်လေးကမင်းအကြောင်းတွေသိသွားပြီ...အလင်းရယ်...
မင်းဒီမှာရှိနေတယ်ဆိုတာကိုသိသွားပြီ...
ဘာဆက်ဖြစ်မယ်ဆိုတာတော့ငါမမှန်းတတ်ပေမယ့်...
ကယ်လေးကဂိုဏ်းထဲမှာငါတို့ကိုသစ္စာဖောက်နေတယ်..
အရင်လိုမျိုး...အရာရာအဆင်မပြေတော့ဘူး...
ယုတ်မာလာတယ်..."

ကင်း'ဆက်ပြောပြခဲ့တဲ့အကြောင်းအရာတွေကကောင်းခြင်းနဲ့ပြည့်စုံနေတာဘာတစ်ခုမှမပါသလို...
ဟိုအရင်လိုမျိုး...ကင်း'ရဲ့မျက်ဝန်းတွေကလည်းတောက်ပလို့မနေတော့ဘူး...။
စိတ်ပင်ပန်းလို့လား...လူခန္ဓာကိုယ်ပင်ပန်းအောင်ပဲအသုံးချခံနေရလို့လားမသိနိုင်ပေမယ့်...
ကင်းဟာ...အရင်ကနဲ့လုံးဝမတူတော့ပါ...။

လွန်ခဲ့တဲ့ငါးနှစ်ခန့်...
သူတို့ဆယ့်ကိုးနှစ်အရွယ်...နောက်ဆုံးတွေ့ခဲ့တုန်းကလိုမျိုးနုနယ်လန်းဆန်းလို့မနေတော့ဘူး...။
ဘယ်အရာဟာဘယ်လိုဆိုတာကို ရှောင်းကျန့်'သေချာနားမလည်ပေမယ့်...
ဆေးဝါးတွေကြားမှာရှင်သန်ကြီးပြင်းဖို့ဖြစ်လာတဲ့ကင်း'ဟာ...တနည်းနည်းနဲ့တော့အဲဒီဆေးဝါးတွေကိုအသုံးပြုဖြစ်မယ်ဆိုတာသေချာနေတာပါပဲ...။

"မေမေကငါတို့ကိုဘာ့ကြောင့်အဲဒီအသိုင်းဝိုင်းထဲရောက်မသွားစေချင်သလဲဆိုတာ...
ငါသိခဲ့ပြီ...အလင်း...
လူတွေပြောနေကြသလိုပဲ...မကောင်းတာတွေလုပ်ပြီးတော့ကြီးပြင်းနေကြတဲ့လူမိုက်တွေဆိုရင်လည်းဟုတ်တယ်...
သူတို့ကဘဝကြီးကိုထင်ရာစိုင်းပြီးတော့တလွဲအသုံးချနေတာ...
နောက်ပြီးတော့သွေးသားထဲကကိုရုန့်ရင်းကြမ်းတမ်းပြီးတော့ကိုယ့်သွေးသားကိုတောင်မှရက်စက်နိုင်တာမျိုး...
ဒါပေမယ့်...ဒီအထဲမှာဖေဖေမပါခဲ့ဘူးမို့...
မင်းဖေဖေ့ကိုမမုန်းရဘူး..."

"ဘယ်တုန်းကမှမမုန်းခဲ့ဖူးပါဘူး...ကင်းရယ်..."

သူတို့ညီအစ်ကိုကိုငယ်စဉ်ကတည်းကမေမေသွန်သင်တတ်ခဲ့တာက...

"မေမေ...မင်းတို့ကိုဒီအသိုင်းဝိုင်းထဲမရောက်အောင်ကာကွယ်ဖို့အတွက်မင်းတို့အဖေမသိအောင်ပုန်းကွယ်နေထိုင်ခဲ့ပေမယ့်...
မင်းတို့ကိုမုန်းသွားစေလိုတဲ့ဆန္ဒမပါခဲ့ဘူး...
အဲဒါကြောင့်မိဘကိုမုန်းတီးနေဖို့မလိုဘူး...
အဖေ့ကိုမသိရှိရဘဲနဲ့ကြီးပြင်းရတယ်ဆိုပေမယ့်...
မေမေလိုလေသေးမရှိထားနိုင်တယ်...
မျက်နှာမငယ်ရအောင်ထားနိုင်တယ်..
ဒါ့ကြောင့်...မချစ်နိုင်ရင်တောင်မှမင်းတို့ရဲ့အဖေရင်းကိုမုန်းမနေရဘူး..."

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now