Happy Merry Christmas🎄
လီယိုလက်ညိုးထိုးပြတဲ့ကောင်လေးကို ပြေးလွှားရှုပ်ထွေးနေတဲ့ကလေးအုပ်စုကြားမှာ တော်တော်လေးကိုကြည့်လိုက်ရတယ်...။
အဝေးမှုန်ဖြစ်နေတဲ့သူ့မျက်လုံးက မျက်မှန်တပ်ထားတာတောင်မှ သေချာကြည့်လို့မတွေ့..."ဆံပင်ဘုတ်သိုက်နဲ့ အရပ်ရှည်ရှည်နဲ့ကလေးလေး...တွေ့လား...အစ်ကို..."
"အင်း...ကျောနံပတ် 06 လား..."
"ဟုတ်တယ်..."
ဂင်းဂျိဆိုတဲ့ ဒီကောင်လေးဆီမှာ သူ့အဖေရဲ့လျှို့ဝှက်ချက်တွေအပ်ထားခဲ့တာလို့သိခဲ့ရလို့ ဆိုးလ်အထိရောက်လာပြီး လာတွေ့ဖြစ်တယ်...။
အားကစားသိပ္ပံကျောင်းမို့ ယောကျာ်းလေးတွေကပိုများနေကာ ဘောလုံးကလပ်မို့လည်း မိန်းကလေးအရိပ်အယောင်တွေကိုသိပ်မမြင်ရ...။ခြေစမ်းပွဲပြီးသွားတော့...အုပ်ထိန်းသူတွေ့ဆုံတဲ့အခန်းထဲမှာ ရှောင်းကျန့်တို့ထိုင်စောင့်နေလိုက်တယ်...။
သိပ်မကြာလိုက်ဘဲ ဂင်းဂျိဆိုတဲ့ကောင်လေးက အဖော်တစ်ယောက်နဲ့အတူ ရောက်လာတယ်...။
ဧည့်တွေ့အခန်းဝကနေ နှစ်ယောက်သားပြူတစ်ပြူတစ်နဲ့ ကြည့်ပြီးမှ..."ငါ့ပါးပါးမလာသေးဘူးဆိုတော့ ငါအခန်းခဏပြန်ဦးမယ်...မင်းအိတ်တွေသယ်သွားပေးရမလား...ဂင်း..."
"အာ...သင့်ခ်ယူး...စျာန်..."
အိတ်တွေကိုဘယ်ရောညာပါလွယ်ထားတဲ့အပြင် သူငယ်ချင်းဆီကပါအပိုယူသွားပေးဖို့လုပ်နေတဲ့ကလေးက မျက်နှာပေါ်မှာ ဆေးနီဆေးဝါတွေကိုကန့်လန့်ကြီးဆိုးလို့...။
ဂင်းဂျိကတော့ ပုဏ္ဏားတွေလို ပါးနှစ်ဖက်နဲ့ နဖူးမှာဆေးဖြူတွေကိုသုတ်ထားတယ်...။
သူတို့ရှေ့ကိုရောက်လာတော့မှ အသင့်ယူလာတဲ့ wet tissue နဲ့ မျက်နှာကမန်းကတန်းသုတ်ပစ်ရင်း လီယို့ကိုနှုတ်ဆက်ပြီး ရှောင်းကျန့်ကိုပါလှမ်းကြည့်တယ်...။
ညှင်းသိုးသိုးဖြစ်နေတဲ့ဆံနွယ်တွေကကုပ်ထောက်နေတာအပြင်၊ မျက်နှာတပြင်လုံးအမွှေးအမှင် ဗရပွနဲ့...အဲဒီရှည်လမျောဦးလေးကြီးကဘယ်သူပါလိမ့်...။
လီယို့ကို ဂင်းဂျိကသိပေမယ့် ရှောင်းကျန့်ကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးဘူး...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...