ပိတ်ထားတဲ့အဆောင်တံခါးဝကိုအပြင်ကျော်ထွက်ပြီးတော့မှ အနောက်မှာတယောက်ယောက်ပါလာမှန်း ဂင်းဂျိသိလိုက်တယ်...။
ထိုးထိုးထောင်ထောင်ကြီးဖြစ်နေတဲ့အရိပ်မည်းကြီးကြောင့် ရုတ်တရက်လန့်သွားခဲ့ပြီးလက်ဖဝါးကိုမြှောက်ရိုက်ပစ်တော့...
တဖက်လူကလက်ကိုဖမ်းဆွဲပြီးတားတယ်...။"ဟိတ်..."
"အာ...မလုပ်ပါနဲ့.....ငါပါဟ...ဂင်းဂျိရ..."
"ဟင်...စျာန်လေးလား...မင်းဘာလုပ်နေတာလဲ..."
"မင်းကရော...ဘာလုပ်နေတာလဲ..."
အပြင်ကိုခိုးထွက်မလို့လုပ်နေတာလို့အမှန်အတိုင်းမပြောနိုင်ဘဲ ဂင်းဂျိ ခေါင်းကုတ်မိတယ်...။
"ငါက...အပြင်မှာခဏလေးလေညင်းခံထွက်မလို့..."
"ငါလဲလိုက်ခဲ့မယ်..."
"ဘာ...!..."
"မဘာနဲ့...ခွေးကောင်...
မင်းတော်တော်သစ္စာဖောက်တာပဲ...
ညညဆိုတစ်ယောက်တည်းအပြင်ခိုးထွက်နေတာ...ငါမသိဘူးများမှတ်နေလား..."ညညဆိုဂင်းဂျိကအပြင်ကိုခိုးထွက်နေခဲ့တာကိုသိနေပေမယ့်...အိပ်ချင်မူးတူးနဲ့ဆိုတော့...ထမလိုက်နိုင်ခဲ့ဘဲ...
ဒီညကျတော့မှအိပ်ပျော်လို့မသွားအောင်သတိထားပြီး ဂင်းဂျိရဲ့နောက်ကိုလိုက်ခဲ့တာပါ။"မင်းကအကျင့်မကောင်းဘူးကွာ...
အပြင်ထွက်တိုင်းငါ့ကိုအလည်ခေါ်မယ်ဆိုပြီးတော့...""ဟ...အခုကအလည်ပတ်သွားတာမှမဟုတ်တာ...စျာန်လေးရ...
ပြီးတော့ အခုက ညဘက်ကြီး...
ငါ့အုပ်စုနဲ့သွားချိန်းတာ...""မသိဘူးကွာ...ဘာထွက်လုပ်လုပ်...လိုက်မှာပဲ..."
ရော်...အဲဒီကောင်နဲ့တော့ခက်ပြီပဲ...။
"စျာန်လေးရာ...အပြင်ခိုးထွက်တာကိုအဆောင်မှူးသိသွားရင်ပြဿနာတက်လိမ့်မယ်...ပြန်ဝင်သွားလိုက်ပါကွာ..."
"တက်ချင်တက်ပစေ...
မင်းတောင်မှခိုးထွက်နေသေးတာပဲ...""မင်းနဲ့ငါကတူလို့လား...ချီးထုပ်ရ...
မဖြစ်ဘူး...မဖြစ်ဘူး..."ဂင်းဂျိကလက်ခါခြေခါနဲ့အသားကုန်ငြင်းပြီး စျာန်လေးရဲ့ပုခုံးကိုဖိလှည့်ကာအဆောင်ဘက်ကိုပြန်တွန်းပို့တယ်...။
ဒါပေမယ့်...စျာန်လေးကလက်မခံ။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...