ဒီတစ်ခါဆူးနဲ့ပြန်ဆုံရရင် ရှင်ကွဲအကွဲမခံတော့ဘူးလို့ပြောပြီး အခုတော့သေကွဲခွဲသွားတာလား...ကင်းရာ...
မင်းသိပ်ချစ်တဲ့ဆူးနဲ့မင်းတွေ့ရတော့မှာလေ...
ဒီနေ့ ဆူးကမင်းနဲ့တွေ့ဖို့ အန္တရာယ်ကြားကနေတိုးထွက်လာပြီလေ...
မင်းကိုသိပ်အံ့သြဝမ်းသာသွားအောင်လို့ ငါကလျှို့ဝှက်ခဲ့တာလေ...မင်း...ငါ့ကို ဒီလိုမနောက်ပြောင်သင့်ဘူး...ကင်းရဲ့...
မင်း...ဒီလိုထားခဲ့လို့မရဘူး...
မင်းအတွက်နဲ့ပဲ ငါ့ဘဝကိုဒီလိုအလဲအလှယ်လုပ်ပစ်ခဲ့တာ...
အခုတော့ မင်းမရှိတော့ဘဲနဲ့ ငါ...ဘယ်လိုရှေ့ဆက်ရမလဲ။
မင်းတစ်ယောက်ပဲ ငါ့သွေးသားရင်းဆိုလို့တည်ရှိခဲ့တာလေ...ကင်းရဲ့...
ငါ...အခုဘာဆက်လုပ်ရတော့မလဲ။"တောင်းပန်ပါတယ် ဆူးရယ်..."
ဆူး'ဆီကနေဖုန်းလာတော့ ဒီစကားလေးပဲပြောရုံအပြင်ဘာမှမတတ်နိုင်ခဲ့ဘဲ စကားလုံးတွေဆွံ့အပြီး နှုတ်ဆိတ်သွားခဲ့တာ ဝိဉာဉ်မဲ့နေသူကြီးအတိုင်း။
ရင်ဘတ်တစ်ခုလုံသောကတွေနဲ့ တင်းကျပ်ပြည့်လျှံနေပေမယ့် ဘယ်လိုပေါက်ကွဲပစ်လိုက်ရမလဲဆိုတာ နည်းလမ်းရှာလို့မရဘူး။
ငိုချင်တိုင်းလည်း ကျမလာတတ်တဲ့ မျက်ရည်ကဘယ်လိုဝမ်းနည်းနည်း တစ်စက်မှကိုထွက်မလာခဲ့။
တကယ်ဆို ဒီလိုအခြေနေမှာ ငိုကြွေးတာမျိုး၊ ဟစ်အော်ပေါက်ကွဲထုတ်တာမျိုးလုပ်ဖြစ်တတ်ကြတယ်မဟုတ်လား။"ဆရာလေး သနားပါတယ်...ဘာမှကိုမပြောနိုင်တော့ဘူး..."
သခင်လေးမရှိတော့ဘူးလို့သိခဲ့ရတော့ အာ့ခီတို့သက်တော်စောင့် ငါးယောက်စလုံးမျက်ရည်ကျမိခဲ့သေးတာ...
အမြွှာညီအစ်ကိုဖြစ်တဲ့ ရှောင်းကျန့်က ပိုပြီးဝမ်းနည်းနေမှာပါပဲ။
ကင်း'ဆုံးပြီဆိုတဲ့သတင်းကြားကတည်းက ဆရာလေးကစကားတလုံးမှမဟတော့ဘဲ ငူငူငိုင်ငိုင်ကြီးနဲ့...စိတ်နဲ့ကိုယ်ကပ်နေတဲ့ပုံမရှိလို့ သူတို့အားလုံးစိတ်ပူနေကြတယ်။"လီယိုသခင်လေးရယ်...
ဆရာလေးကို တခုခုမေးပါဦး...
သခင်လေးကင်းရဲ့သတင်းကြားကတည်းက ဘာစကားမှမပြောတော့ဘူး...
မနက်စာလဲမစားဘူး..."ရေတောင်ထ,မသောက်တဲ့ ရှောင်းကျန့်ကိုအာ့ခီတို့ကစိတ်ပူလွန်းမကပူနေပြီ။
မျက်ရည်ကျပြီးမငိုကြွေးဖြစ်ရင်တောင်မှ ကင်းအတွက်ပူပင်သောကရောက်ပြီး အနည်းဆုံးတော့ ပေကျင်းသွားကြရအောင်လို့ပြောလာရမှာမဟုတ်ဘူးလား။
![](https://img.wattpad.com/cover/253121991-288-k341731.jpg)
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...