Erabarenakereba erabeba ii...(ရွေးချယ်ခြင်းမခံရဘူးဆိုရင်...ကိုယ်ကိုယ်တိုင်ကရွေးချယ်ပစ်လိုက်...)...တဲ့...။
Demon Slayer ထဲက Aimer ရဲ့ Zankyou Sanka သီချင်းကိုစျာန်လေးက ရေချိုးရင်းအော်ဆိုနေတယ်...။
"စျာန်လေး...စျာန်လေး...နောက်ကျမယ်ဟ...
မင်း...ဆံပင်ပုံသွင်းအုံးမှာမလား..."ကျနေတဲ့ရေသံနဲ့ ဆိုနေတဲ့သီချင်းသံတွေကြားမှာ ဂင်းဂျိ အတော်အော်ပြောလိုက်ရတယ်...။
"အေး...ပြီးပြီ...အခုပဲ..."
"မြန်မြန်ထွက်လာတော့..."
ဒီည...ကျောင်းသားတွေဂုဏ်ပြုပွဲမှာ စျာန်လေးကသီချင်းဆိုဖို့ရှိတယ်...။
နယ်အဆင့် under 15 ကျောင်းသားဗိုလ်လုပွဲမှာ သူတို့အဖွဲ့က ဂိုးပြတ်နဲ့အနိုင်ရခဲ့တာမို့...
ဒီညအတွက် စားသောက်ပွဲလုပ်ကြရင်းနဲ့..မိုက်ခဲရမှာ...။ကာရာအိုကေပေမယ့် စင်ပေါ်တက်ရမယ်ဆိုလို့ သားသားနားနားပြင်ချင်ကြောင်းပြောထားလို့ ဂင်းဂျိက ဆံပင်ပြင်ပေးဖို့စောင့်နေတယ်...။
ကျောင်းထဲမှာလုပ်တဲ့ပွဲဆိုတော့လဲ စင်ကသိပ်မကြီးကျယ်ပေမယ့်...ဆယ်ကျော်သက်မို့လည်း နည်းနည်းလေးကဲချင်၊ သဲချင်တဲ့အမျိုး။သိပ်မရှည်တဲ့ဆံပင်ငုတ်တွေကို ဂျယ်လ်အပီအပြင်လိမ်းပြီး အကင်ကင်တဲ့ခဲစက္ကူနဲ့ပတ်ပြီးထောင်လိုက်တယ်...။
punk ဆိုတာကို သိပ်ပြီးဝါသနာမကြီးပေမယ့်...
စျာန်လေးကတော့...ပထမဆုံးသီချင်းဆိုရင် အဲဒီလိုလေးဆိုချင်တယ်ဆိုလို့ ဂင်းဂျိကမရရအောင်ကြံဖန်ပေးဖြစ်တယ်...။
ဟိုးအရင် သူ့အဖေရှိတဲ့အချိန်တုန်းက show ပွဲတွေရဲ့အရံအကဖွဲ့တွေမှာ ဒီလိုလုပ်ကြတာကိုမြင်ဖူးပြီးသားမို့...လက်တွေ့မှာသိပ်မခက်ခဲခဲ့ဘူး...။"ဂင်း...မင်း ငါ့ကိုအသံကြည်အောင်ရိုက်ပေးဖို့မမေ့နဲ့နော်..."
"အေး...မင်းလဲ...သေချာဆိုနော်...
မေးရိုးတွေစေ့မထားဘဲအော်ထုတ်...ကြားလား...
သွားတော့...ခါးကိုမတ်မတ်ထား..."ဝါသနာကြီးတာတို့၊ ဘာတို့မဟုတ်ကြသေးပေမယ့်...
မိုက်ကလေးခဲပြီး စင်ပေါ်တက်ကြည့်ချင်တဲ့ ဆယ်ကျော်သက်စိတ်ကူးလေးက သိပ်ကိုကြီးကျယ်နေတယ်...။
ချိုချဉ်လေးတစ်လုံးရလိုက်တာကိုကမ႓ာကြီးတစ်ခုလုံးရလိုက်သလိုထင်နေမိတဲ့ အရွယ်လေးဆိုတော့လည်း...
ကာရာအိုကေအဆင့်လောက်ကိုပဲ ရှိုးပွဲနီးပါးထင်နေကြပြန်တာ...
စျာန်လေးလဲ မိုက်ကိုင်ပြီးသီချင်းဆိုရော...
အောက်ကလူတွေပါထ,က ကုန်တယ်...။
ESTÁS LEYENDO
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanficစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...