Silent နေတဲ့ကိုယ့်လူတို့အတွက်လက်ဆောင်ကြီးမားတဲ့ပြောင်းလဲမှုတွေက မျက်စိတမှိတ်အချိန်တိုလေးထဲမှာ အဲဒီလောက်မြန်မြန်ဆန်ဆန်နဲ့များများစားစားဖြစ်ပွားခဲ့တယ်တဲ့လား...။
ခုနစ်နှစ်...
အတိအကျအားဖြင့်...ခုနစ်နှစ်နဲ့...ခြောက်လတိတိပဲ...။ရက်စက်စွာချန်ထားခံခဲ့ရတဲ့ အထီးကျန်ကမ႓ာထဲမှာ သူ.........လုံးချာလည်လိုက်နေခဲ့တာ...ခုနစ်နှစ်တောင်ရှိခဲ့ပြီတဲ့...။
ခြောက်သွေ့အက်ကွဲသွားခဲ့တဲ့...သူ့နှလုံးသားလဲ မစိမ်းလန်းနိုင်တော့တာ...အချိန်ခုနစ်နှစ်တောင်ရှိသွားခဲ့ပြီလား...။
မနေ့ကလိုမျိုးပဲထင်နေမိတဲ့......အဖြစ်ပျက်တွေကိုမျက်လုံးမှိတ်လိုက်တိုင်း ပြန်မြင်ယောင်နေသလို...
ခံစားချက်တို့ကလဲ လျော့ပါးလို့မသွားနိုင်ခဲ့...။"ရိပေါ်...ရိပေါ်....."
"အော်.....ကိုတာတာ..."
သုံးလေးခါလောက်ခေါ်နိုးမှ ရိပေါ်...ပြန်ထူးလာတယ်...။
"မင်း ဒီနေ့ပင်ပန်းနေတယ်ဆို...နားလိုက်တော့...
စျာန့်ကိုငါပဲကြည့်လုပ်လိုက်မယ်..."ဒီနေ့...စျာန်နဝါရီရဲ့ ခုနစ်နှစ်ပြည့်မွေးနေ့...။
(မွေးတဲ့နှစ်မှစပြီး တစ်နှစ်မှတ်တဲ့ဓလေ့ပါ...)
မွေးနေ့ပွဲဆိုပြီး ထူးထူးခြားခြားကြီးတစ်ခုခုလုပ်တဲ့အစဉ်အလာမရှိပေမယ့်...
မလုပ်လို့မရတဲ့ ကိစ္စကြီးကရှိနေလို့...
အလုပ်တွေပိနေတဲ့ကြားကနေ.....ဆိုးလ်မြို့ကို ရိပေါ်...အပြေးရောက်လာရတယ်...။ဇန်နဝါရီလ...ကိုးရက်နေ့ဟာ...
စျာန်'ဆိုတဲ့ကလေးလေးရဲ့မွေးနေ့ဖြစ်သလို...
သူ့ရဲ့မွေးသမိခင် ဆူး'ရဲ့နှစ်ပတ်လည်နေ့လည်းဖြစ်တယ်...။အသင့်ပြင်ဆင်ထားတဲ့အနက်ရောင်ဝတ်စုံလေးကိုအိတ်ထဲကနေတယုတယယူထုတ်ပေးလိုက်ပြီး...
ကိုတာတာ့လက်ထဲကိုထည့်ပေးလိုက်တယ်...။"အကုန်ပြင်ဆင်ပြီးရင် ကျွန်တော်ဆင်းလာခဲ့မယ်...
အတူတူသွားကြတာပေါ့..."လေယာဉ်ကိုအချိန်အကြာကြီးစီးခဲ့ရလို့ ပင်ပန်းနေပေမယ့်...ဆူးရဲ့နှစ်ပတ်လည်ကို......ရိပေါ်...သေချာပေါက်လိုက်သွားရမှာပဲ...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...