ရေးထားပြီးမှ စာတစ်ပုဒ်လုံးဖျက်မိသွားလို့ အစကနေပြန်ရေးရတာငိုချင်လိုက်တာ တကယ်ပါပဲ
😑😑😑ရှစ်နှစ်ဆိုတာ...အချိန်အကြာကြီးလို့ပြောပေမယ့်...အခုထိ ခဏလေးပဲလို့ထင်နေတုန်း...
ရင်နာစရာ အဲဒီအကြောင်းအရာတွေကို မနေ့ကဖြစ်သွားတာလို့ထင်နေတုန်း...။
အရင်လို ဂျာနယ်မဂ္ဂဇင်းတွေ၊ ကြေငြာတွေမှာ ရိပေါ့်ကို မြင်ရဦးမလားလို့လည်း စောင့်ကြည့်ဖြစ်နေသလို...
ဆူးနဲ့...ကင်းရဲ့ရင်သွေးလေးကိုလည်း ထပ်တွေ့ဦးမလားလို့လည်း ရှာဖွေဖြစ်တယ်...။မဖြစ်နိုင်တော့တာကိုသိလည်း လွှတ်မချနိုင်သေးတဲ့မျှော်လင့်ချက်တွေကို ရူးသွပ်စွာထွေးပွေ့ထားရင်း..........
ယာမာ့ဂုချီကင်း'ဆိုတဲ့နာမည်ရဲ့တစ်ခြားတစ်ဖက်ခြမ်းမှာ.......ရှောင်းကျန့်ဆိုတဲ့...အလင်းစက်ကလေးက မှိန်လို့မသွားဘဲ.....လင်းလက်နေဆဲဖြစ်တယ်...။လူတွေရှေ့မှာ ဘာမှဖုံးကွယ်ထားခြင်းမရှိဘဲ လွတ်လပ်ပွင့်လင်းခဲ့ရတဲ့ အချိန်တွေကိုလွမ်းတယ်...။
လက်ခုပ်သံတွေနဲ့ ကင်မရာမီးရောင်တွေကိုလွမ်းတယ်။
တကယ်လို့များ.....အခုနေ ရှောင်းကျန့်အဖြစ်ပြန်လည်ရှင်သန်ခွင့်ကို တစ်နေ့တာလောက်ရရှိခဲ့မယ်ဆိုရင်.....သူဘာတွေလုပ်နိုင်ဦးမှာလဲ...။
သေချာတာကတော့....
လူသတ်.....ထောင်ထွက်.....ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဆိုတဲ့ အရိပ်မည်းတွေကြောင့်.....ရပ်တည်ဖို့အားတောင်ရှိနိုင်မယ်မထင်တော့...။ဒါပေမယ့်...
လက်ရှိမှာတော့...အဲဒီလူသတ်ထောင်ထွက်ဆိုတဲ့အရိပ်မည်းတွေက ဂုဏ်ပုဒ်တွေဖြစ်လို့နေတယ်...။အဲဒီဂိုဏ်းချုပ်လက်သံပြောင်ချက်များ ဦးလေးအရင်းကိုသတ်ပြီး ကိုယ်တိုင်ထောင်ထဲဝင်သတဲ့...။
ယာကူဇာတချို့ကတော့ အဲဒီလိုထောပနာပြုကြပြီး သူ့ကိုဆိုလန့်ကြပေမယ့် တချို့လူတွေကကျတော့...ဒါကိုကန့်ကွက်ရှုံ့ချကြပြန်တယ်...။တကယ်တော့ လူမိုက်တွေအတွက် ထောင်တန်းဆိုတာ စိမ်းသက်တဲ့နေရာမှမဟုတ်တာ...
မဟုတ်တာတွေ၊ ဒုစရိုက်တွေကိုလုပ်နေမှတော့...ဥပဒေရဲ့အပြစ်တွေကိုခံယူရမယ်ဆိုတာ မလွဲ...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...