အမြန်လမ်းမပေါ်ရောက်လာမှရိပေါ် အစာအိမ်ကအောင့်ချင်လာသည်။
ညကညစာလွှတ်ထားကတည်းကအစာအိမ်အောင့်တော့မယ်ဆိုတာသိနေတာပဲ။
မနက်စာစားပြီးဆေးသောက်ထားလိုက်ပြီးပြီဆိုတော့ကောင်းသွားမှာဆိုတဲ့စိတ်နဲ့ကားကိုပဲဆက်မောင်းလာဖြစ်တာ...။
ဟိုင်းဝေးလမ်းပေါ်ရောက်လို့မိနစ်သုံးဆယ်ကျော်လာတဲ့အချိန်မှာအစာအိမ်ကပိုပိုဆိုးလာပေမယ့်...ရိပေါ်ခေါင်းမာစွာကားကိုဆက်မောင်းခဲ့ပြီး...
နောက်ဆုံးမခံမရပ်နိုင်အောင်ဖြစ်လာတဲ့အချိန်မှာကံဆိုးစွာကားလမ်းကပိတ်လို့သွားခဲ့သည်။
မနက်ရှစ်နာရီကျော်ကျော်အချိန်လေးပေမယ့်...
ဒီအချိန်ဆို စက်ရုံနဲ့ delivery လုပ်ငန်းကားတွေကအဝေးပြေးလမ်းပေါ်မှာများနေတတ်ပြီး...
နယ်ကူးပြီးအလုပ်လုပ်ကြတဲ့ကားတွေကြောင့်လမ်းပိတ်လေ့ရှိသည်။
မီးပွိုင့်တွေသေချာအလုပ်လုပ်ပေမယ့် ကားတွေကပိုများနေတဲ့အခါ အချိန်တစ်နာရီစာလောက်ခရီးပိုကြာတတ်ပါသည်။ပုံမှန်လမ်းထွက်ပေါက်ဆီရောက်ဖို့အတော်ကြာဦးမှာလို့မှန်းဆရင်းနဲ့ ကားကိုဘီးလိမ့်ရုံလေးမောင်းနေရင်း...
အစာအိမ်ဆီကနာကျင်မှုကတဖြည်းဖြည်းနဲ့ပိုပိုဆိုးလာကာ...
စူးခနဲထိုးအောင့်တာကအကြိမ်ရေပိုစိပ်လာသည်...။
အစာအိမ်တနေရာကနေတချက်ချက်ထိုးအောင့်လာတိုင်းနာကျင်လွန်းလို့ ကားစတီယာရင်တိုင်ကိုလွှတ်ပစ်မိနေလို့ သတိလေးကပ်ပြီးမောင်းနေပေမယ့်...
တချက်တချက်မူးခနဲမိုက်ခနဲဖြစ်ပြီးလူကအဆင်မပြေချင်တော့ဘူး။ဗိုက်အောင့်တဲ့ဒဏ်နဲ့နဖူးတွေမှာရော လက်ဖဝါးတွေမှာပါချွေးတို့နဲ့စီးကပ်စိုရွှဲလာခဲ့ပြီး
ခြေဖျား၊ လက်ဖျားတွေအထိအေးခဲလာခဲ့တာ...
လက်ဖဝါးတွေဟာထိတွေ့နေတဲ့အရာကိုသေချာအာရုံမခံနိုင်တော့သလိုတောင်ဖြစ်လာသည်။
ဒီပုံမျိုးနဲ့ဆိုရင် ဟိုဘက်ကိုအရောက်ပြန်နိုင်ဖို့ကမသေချာတော့ဘူးထင်သည်...။
လှည့်ပြန်ရနိုးနိုးစဉ်းစားရင်း၊ တွေးရင်းနောက်ထပ်ဆယ်မိနစ်လောက်အကြာမှာ အချစ်ဝိုင်ဆုံးဖြတ်ချက်ချကာ ကားလမ်းကြောကိုဟိုင်းဝေးလမ်းထွက်ပေါက်ဆီသို့ပြောင်းယူဖို့ကြိုးစား၏။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...