56

45 3 5
                                    



ဒီတစ်ကြိမ်လဲ ... ပါး'ကသူ့ဆီရောက်မလာပြန်ဘူးပဲ...။
ဒီကျောင်းကိုပြောင်းလာပြီးနောက်မှာ ပါးပါးကသူ့ဆီတစ်ကြိမ်မှမလာခဲ့ဖူးပါ...။
ကျောင်းမှာ ဘာလက်မှတ်ပဲထိုးထိုး၊ ဘယ်လိုရှင်းလင်းမှုမျိုးပဲလုပ်လုပ် ... ကိုယ့်ရဲ့အဖေဆိုတာကိုနာမည်လေးအပြည့်အစုံတောင်ကြွားခွင့်မရ...။
ဒီနေ့လည်း...အရှေ့အာရှအားကစားပြိုင်ပွဲအတွက် ခွင့်ပြုချက်လက်မှတ်ထိုးဖို့...ဦးတာကပဲရောက်လာပေးတယ်...။

"ပါး...လိုက်မလာဘူးလား...ဦးတာ..."

"မင့်ပါးပါးက အလုပ်တွေရှုပ်နေလို့ ... စျာန်လေးရာ...
တိုက်တိုက်ဆိုင်ဆိုင် ကုမ္ပဏီနှစ်နှစ်ဆယ်ပြည့်နှစ်ပတ်လည်မို့ မလာဖြစ်ဘူးတဲ့..."

"ဟုတ်လား...."

ညှိုးရော်သွားခဲ့တဲ့စျာန့်မျက်နှာလေးကိုမြင်တော့ ကိုတာတာလည်း စိတ်မကောင်းဘူး...။
အမြဲတမ်း မိဘမဲ့လေးဆိုပြီး ခံစားအားငယ်နေတတ်တဲ့ စျာန်လေးကိုသနားပေမယ့် ဘာမှလည်းမတတ်နိုင်ပါ...။

"ပါးပါးကကိုယ်တိုင်မလာနိုင်ပေမယ့်  စျာန်လေးကြိုက်တာလေးတွေအများကြီးဝယ်ပေးလိုက်တယ်ကွ...
ဟော...ဒီမှာ...naruto ရဲ့ ဂျာစီလေး...
ဒီမှာက သားကြိုက်တဲ့ gumi...
ဒါလေးက နောက်ဆုံးထွက်တဲ့ mario series...
ဒါလေးက...."

"တော်ပါတော့...ဦးတာရယ်...
သားဘာသာကြည့်ယူပါ့မယ်..."

ပါးပါးကိုယ်တိုင်ရောက်မလာတာကိုစိတ်ထဲခံစားနေရင်း ဦးတာ့ကိုပြန်အော်မိပြီးမှ သတိရလာကာ တောင်းပန်ဖြစ်တယ်...။

"တောင်းပန်ပါတယ်....သား...ဦးတာ့က်ိုအော်ချင်လို့မဟုတ်ဘူး..."

မျက်ရည်လေးတွေဝဲသွားတဲ့ စျာန်လေးကိုကြည့်ပြီး ကိုတာတာလည်း စိတ်မဆိုးနိုင်ဘူး...။

"ပါးပါးမလာလို့ သားစိတ်မကောင်းဖြစ်နေတာကို ဦးတာ' ... သိပါတယ်ကွာ...
စိတ်ထဲမထားနဲ့...ကဲ.....သားရဲ့တာဝန်ခံကဘယ်မှာလဲ..."

"ဟိုမှာ...ဟိုဘက်က အဆောက်ဦးကိုသွားရမှာ...
သားနောက်ကလိုက်ခဲ့..."

ဦးတာ့နဲ့ ဆရာနဲ့အတူတူဆွေးနွေးနေရပေမယ့် စျာန်လေးကစိတ်နဲ့လူနဲ့မကပ်ပါ...။
ပါးပါးကဘာလို့သူ့ဆီကိုလုံးဝမလာတာလဲဆိုတာကိုပဲအသည်းအသန်စဉ်းစားနေမိတယ်...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now