4

199 10 0
                                    


Unicode

ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းပေမယ့်...
ဆန္ဒမပြည့်ခဲ့ဘဲ...ရှောင်းကျန့်"ဟာ...သူ့ကိုနှုတ်မဆက်ဘဲကျောခိုင်းခဲ့တယ်။

"သူမရှိတော့ဘူး"လို့ပြောလာတဲ့...ကိုတေး'ရဲ့စကားသံအဆုံးမှာ...
ကမ႓ာကြီးပြိုလဲသွားတာအခုထိနလံမထူနိုင်ခဲ့ဘူး။
ချစ်တဲ့အကြောင်းလေးမပြောလိုက်ရဘူးဆိုတဲ့နောင်တဟာအခုထိဘယ်ဘက်ရင်ဘတ်ထဲမှာ။

ဘယ်အရာကိုယူကြုံးမရအဖြစ်ဆုံးလဲလို့မေးရင်...
ကျွန်တော့်အတွက်ကြောင့်လောကကြီးကိုသူအရှုံးပေးသွားတယ်ဆိုတာကိုပါပဲ။
ရိပေါ်'ဆိုတဲ့ဒီကောင်လေးရဲ့ဘဝကိုမပျက်စီးစေလိုသတဲ့လား။
ခင်ဗျားကြောင့်ဒီကောင်လေးရဲ့တက်လမ်းတွေကြမ်းတမ်းမှာကိုစိတ်ပူခဲ့သတဲ့လား။
ခင်ဗျားကြောင့်ဒီကောင်လေးအနာဂတ်ယိမ်းယိုင်သွားမှာကိုစိုးခဲ့သတဲ့လား။
ကျွန်တော်ကဘာမို့လို့လဲ...ကိုရဲ့။
သာမန်လူတစ်ယောက်ပါပဲလို့...ကို...မမြင်ပေးနိုင်ခဲ့မှန်းသိတော့ဝမ်းနည်းလိုက်တာ။
ရက်စက်လိုက်တာ...ကိုရယ်။
ခင်ဗျားရက်စက်နိုင်လိုက်တာ။
ကျွန်တော့်နှလုံးသားကိုမမြင်နိုင်ခဲ့တဲ့ခင်ဗျားအကြောင်းတွေးရင်းရင်နာလိုက်တာ။
ခင်ဗျားစိုးရိမ်တကြီးနဲ့တိတ်တိတ်လေးကာကွယ်ပေးသွားတဲ့...ဒီကောင့်နှလုံးသားကိုနားမလည်ခဲ့ဘဲနဲ့...
ကိုယ့်ဘာသာနှမျောတသခြင်းကင်းစွာစတေးပစ်လိုက်တဲ့ခင်ဗျားကိုရင်နာလိုက်တာဗျ။
ဒါတွေအားလုံးထဲမှာရင်နာစရာအကောင်းဆုံးက...
ခင်ဗျားနဲ့ကျွန်တော့်ကြားကဆက်ဆံရေးကြောင့်၊
ကျွန်တော့်ကိုလူတွေအထင်သေးမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့မိုက်ပစ်လိုက်တာပဲ။
ချစ်ရတဲ့သူနဲ့မပေါင်းဖက်ရတာကရင်နာစရာမဟုတ်ဘူး...ကိုရဲ့။
ချစ်ရတဲ့သူကသူများရင်ခွင်ဆီခိုဝင်တာကမှရင်နာဖို့ကောင်းတာ။
ကိုလည်း...ကျွန်တော့်ကိုမချစ်တာလည်းမဟုတ်ဘဲနဲ့။
ကျွန်တော်ချစ်နေတယ်ဆိုတာကိုလည်းရိပ်မိနေရဲ့သားနဲ့။
အချစ်ကိုအချစ်လို့မမြင်နိုင်ခဲ့တဲ့လူ့အန္ဓတွေအတွက်နဲ့ကိုယ့်နှလုံးသားကိုစတေးခဲ့သတဲ့လား။
အရင်းနှီးဆုံးသူစိမ်းဆိုတဲ့စကားကိုစပြောခဲ့တာဘယ်သူလဲ...ကိုရဲ့။
ကျွန်တော်သာ...ကို့ရဲ့ကိုယ်ပွားလေးပါဆို။
ကျွန်တော်ကသာ...ကို့ရဲ့ပျောက်နေတဲ့တစ်ခြမ်းပါဆို။
ဒါနဲ့များတောင်...ဘာလို့၊ ဘာလို့၊ ကျွန်တော့်နှလုံးသားကိုမလေးစားနိုင်တာလဲ။
ကိုယ့်အချစ်နဲ့ကိုယ့်နှလုံးသားကိုကိုယ်မလေးစားတာလဲ။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now