23

46 4 0
                                    


အိပ်မက်ကဆိုးတယ်၊ ဘဝကလဲဆိုးတယ်။
မိုးအုံ့ပြီးရင်နေသာမှာတဲ့...
နေသာမယ့်အချိန်ဟာဘယ်တော့လဲ...
သူစောင့်မျှော်နေရတာမောနေပြီ။

"မနိုင်ရင်လဲမသောက်နဲ့လေကွာ...
မင်းဖုန်းလာနေတာလဲနားညည်းနေပြီ..."

ရှောင်းကျန့် စိတ်ညစ်တဲ့အခါတိုင်း ငတေးရဲ့တိုက်ခန်းမှာလာပွင့်နေကြပါ။
တိုင်ပင်ဖော်ဆိုလို့ဒီလူတစ်ယောက်ပဲကောင်းကောင်းရှိနေတာမို့...
ပေါက်ကွဲပွင့်ထွက်ချင်လာပြီဆိုတိုင်းမရမကပြေးလာတတ်ခဲ့တာ...
ကိုတေးကလည်းတခါမှသူ့ကိုငြိုငြင်ပစ်ခါခဲ့တာမရှိခဲ့ဘူးမို့လား...။
ဒီတစ်ခါကျတော့ရှောင်းကျန့်က သူ့ရဲ့ဖြစ်စဉ်တွေကိုရင်မဖွင့်နိုင်ဘဲနဲ့ ရေငုံနှုတ်ပိတ်နေတော့၊
ကိုတေးက ဘယ်လိုဖြောင်းဖျလို့ဖြောင်းဖျပေးရမှန်းလဲမသိတော့ဘူး။

"ကျန့်ကျန့်...မင်းကွာ..."

"အင့်...တော်ပြီလား...
ဟိုကောင်...ကံကြမ္မာဆိုတဲ့အကောင်အစုတ်ပလုတ်ကြီး...တော်ပြီလား...
ဒီလောက်နဲ့ငါ့ကိုရိုက်ချိုးရတာ...ကျေနပ်လား...အေ့...လာစမ်းကွာ...ရိုက်ရုံလေးဆိုပျင်းဖို့ကောင်းတယ်...
ဒီကောင့်ကိုအသေသာသတ်သွား...
လာ...လာသတ်သွား..."

ဒီလိုမျိုးတွေခဏခဏမြင်နေရလွန်းတော့လည်း..
သူ့ကိုသနားလွန်းလို့ ပယောဂတွေတဝက်လောက်အစားခံပေးချင်သည်...။
ခက်တာကလဲ အဲဒီလိုလူစားထိုးပြီးခံပေးဖို့မဖြစ်နိုင်တာပဲ။

"ရှောင်းကျန့် တော်ပါတော့ကွာ...ထပ်မသောက်နဲ့တော့...
မင်းသောက်လို့နိုင်တာလဲမဟုတ်ဘူး...
မနက်ဖြန်ကျရင် ရိုက်ကွင်းရော၊ ပွဲတက်ဖို့ရောရှိသေးတာနဲ့...
မျက်နှာကြီးဖောင်းကားနေတော့မှာပဲကွ..."

ရှောင်းကျန့်ရဲ့အချိန်ဇယားတွေတော်တော်များများကိုသူကသိနေတာမို့လို့...
ကိုတေးကမသောက်တော့ဖို့မရမကတားပြီး စောစောစီးစီးအိပ်စေဖို့ကြံသည်။

"လာပါ...မင်းတကိုယ်လုံးနံစော်နေတာ၊ ရေစိုအဝတ်နဲ့သုတ်ပေးမယ်... ပြီးရင်အိပ်တော့..."

ချော့မော့လို့ပြောနေတုန်းရှောင်းကျန့်ရဲ့ဖုန်းကထမြည်လာတာမို့...
ကောက်ကိုင်ရင်းသူ့ပါးလေးဘေးကိုကပ်ပေးဖြစ်သည်။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now