14

60 5 0
                                    


အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံးနှစ်ယောက်သားနှုတ်ဆိတ်လို့နေခဲ့တယ်...။
သန်းကောင်နီးနေပြီဖြစ်တော့လမ်းပေါ်မှာကားအသွားအလာကနည်းပြီး...ခြောက်ကပ်ကပ်နဲ့...
ဝါကျင်ကျင်လမ်းမီးရောင်တွေကြောင့်လမ်းမရှည်ကြီးကစိတ္တဇဆန်လို့..........
ဒီ့ထက်ပိုစိတ္တဇဆန်နေတာကသူတို့နှစ်ယောက်အကြားက ရာသီဥတုလေးပါ...။

ကားမောင်းနေရင်းနဲ့...မှန်ထဲမှတဆင့်မြင်နေရတဲ့ရှောင်းကျန့်ရဲ့ဘေးတိုက်မျက်နှာလေးကိုရိပေါ်ခဏခဏငေးနေဖြစ်ခဲ့တယ်...။
နောက်ကြည့်မှန်ကိုဘေးဘက်က Lover seat ကိုမြင်ရအောင်လှည့်ထားတာမို့...
ရှောင်းကျန့်ရဲ့မျက်နှာကိုကွက်တိမြင်နေရသည်...။

တိုက်ရိုက်မဟုတ်ဘဲမှန်ထဲမှာမြင်နေရတာတောင်မှ...
နှာတံဖြောင့်ဖြောင့်စင်းစင်းနဲ့နှုတ်ခမ်းလှလှတို့ကဆွဲအားတွေလျော့မသွားခဲ့ဘူး...။
ပါးပါးသေးသေးနဲ့နုရဲတဲ့အဲဒီနှုတ်ခမ်းဆီကနေသူ့ကိုပြောစရာစကားဘာမှမရှိတော့ဘူးလားမသိဘူး...။
မကျေမနပ်တွေးနေရင်းနဲ့...ရိပေါ်တို့အားမနာလျှာမကျိုးငမ်းတယ်...။

ဒင်နာတက်ခဲ့တာမို့အပေါ်အောက်အနက်ရောင်တွေလွှမ်းပြီး ဝတ်စုံပြည့်နဲ့ဖြစ်နေတဲ့အဲဒီခန္ဓာကိုယ်ပိန်သေးသေးလေးဟာကျက်သရေရှိလွန်းတယ်...။
ဝါဝင်းစိုပြေလှတဲ့အသားအရေကအနက်ရောင်တွေနဲ့ပနံရလွန်းနေတာ...
အနက်ရောင်ဟာရှောင်းကျန့်ကြောင့်ပိုပြီးခန့်ထည်နေသလိုပဲ...။
ညှို့တတ်လွန်းတဲ့ဒီလူကြီးကို...စိတ်နဲ့ရော၊ ခန္ဓာကိုယ်နဲ့ပါပစ်မှားချင်တယ်...။
ခက်တာက...အခုထိသူတို့နှစ်ယောက် အေဘီစီဒီတောင်မကျေညက်သေးတာပဲ...။
ကြက်ချေးတန်းကနေအဆင့်မတက်နိုင်အောင်လည်း...ကာဆီးထားတဲ့အရာတွေကများလွန်းတာကိုသူလည်းသဘောပေါက်တယ်...။

လိင်တူချစ်ကြိုက်တာကိုတရားဝင်အခွင့်မပေးဘဲတင်းကျပ်တားမြစ်လွန်နေတဲ့ဒီနိုင်ငံထဲမှာဆုံတွေ့ခဲ့ရတာကိုစိတ်သိပ်နာတာပဲ...။

ရည်မှန်းချက်တွေအရမ်းကြီးပုံရတဲ့ ရှောင်းကျန့်ဆိုတဲ့ဒီလူသားကို သူ...အနှောင့်ယှက်ပေးနေမိတယ်ဆိုတာကိုလည်းသိတယ်...။
ဒါပေမယ့်လည်း...သူ့ကိုယ်သူမထိန်းချုပ်နိုင်တဲ့အတွက်...ဒီလိုပဋိပက္ခမျိုးကိုခဏခဏကြုံရဦးမယ်...။
ဒါ့ကြောင့်...သည်းခံခြင်းကိုပဲသူပိုမိုကျွမ်းဝင်နေအောင်လေ့ကျင့်ပျိုးထောင်ရမယ်လို့တွေးမိပါတယ်...။
အခုလည်း...စိတ်ကိုအရှည်ဆုံးဆွဲဆန့်ထားတယ်...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now