58

51 6 7
                                    



အော်လို့လဲမကောင်း၊ လူကြားလို့လဲမကောင်းတဲ့ကိစ္စကြီးနဲ့... ဘယ်လိုလုပ်ရမလဲ...။
မူးဝေနေတဲ့ခေါင်းက ဘာကိုမှမစဉ်းစားနိုင်ပေမယ့်....လီယိုနဲ့သူနှစ်ယောက်တည်းမဖြစ်တော့ဘူးဆိုတဲ့အသိကြီးကဝင်နေတယ်...။
ဒါပေမယ့် အရမ်းမူးနေတော့လည်း သူ့ခန္ဓာကိုယ်ကထင်တိုင်းမလှုပ်ရှားနိုင်ခဲ့...။

"လီယို.....ခုချက်ချင်း ငါ့ကို မလွှတ်ရင် ငါ တစ်ခုခုလုပ်မိလိမ့်မယ်...."

"ရပါတယ်....လုပ်ပါ......အစ်ကို ဘာလုပ်ချင်လို့လဲ...........လည်ပင်းညစ်သတ်မှာလား...သတ်မယ်ဆိုလဲသတ်လိုက်...
ဒါပေမယ့် မသတ်ခင်တစ်ခါလောက်ပဲ ပွေ့ဖက်ပေး..."

လည်ပင်းကိုမော့ပေးထားပြီး လီယိုက မျက်ရည်တွေကျရင်း ငိုတယ်...။
ဒီချာတိတ်နဲ့တော့ ခက်ပြီပဲ....။

"အစ်ကိုသတ်ရင်လည်းသေမယ်...
ဒီတစ်ညလေးပဲ.......ချစ်ခွင့်ပေးပါ......"

မုန့်တောင်းနေတဲ့ကလေးလေးလို........တကိုယ်လုံးရင်ခွင်ထဲကိုဝင်ပူးကပ်ပြီး ရင်ဘတ်ကိုနှုတ်ခမ်းတွေနဲ့နမ်းလာတဲ့လီယို့ကို ဘယ်လိုဖယ်ထုတ်လိုက်ရမလဲမသိတော့ပါ...။
ငိုက်ကျချင်နေတဲ့ခေါင်းကိုအတင်းမတ်ထူထားလိုက်ပြီး...အသိစိတ်တွေလွတ်မသွားအောင်လို့ စိတ်ကိုစုစည်းလိုက်တယ်...။
ဒီအချိန်မှာတယောက်ယောက်ရောက်လာခဲ့ရင်ကောင်းမယ်...။

ရုတ်တရက်တောင်းလိုက်တဲ့ဆုတောင်းကပြည့်ခဲ့တာလား...၊
ရှောင်းကျန့်ကပဲ ကံကောင်းနေတာလားမသိ....။
သူ့ဆရာအခြေနေကိုလာကြည့်တဲ့ အာ့ခီရောက်လာတယ်...။
စောင်တပိုင်းနဲ့ ဘာအဝတ်အစားမှရှိမနေတဲ့ ရှောင်းကျန့်ကို ဖက်ကာယက်ကာလုပ်နေတဲ့ လီယို့အခြေနေကြီးကြောင့် အာ့ခီမှာရှက်ကိုးရှက်ကန်း...။

"ဟာ......အဲ.....ဆောရီး......."

ဘယ်လိုအခြေနေတွေဖြစ်နေမှန်းအာ့ခီကမသိတော့...ထွက်သွားရနိုးနိုး၊ ဝင်လာရနိုးနိုးနဲ့ ခြေလှမ်းတွေတုန့်နေတယ်...။

"အာ့ခီ....ခဏ.......ကျွန်တော့်ကိုလာတွဲ...."

စောင်ကိုပတ်ထားတဲ့ ရှောင်းကျန့်ကိုအာ့ခီ ပြေးတွဲလိုက်တော့..........
မျက်ရည်တွေကျနေတဲ့လီယိုက အာ့ခီကို အသနားခံတဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်...။
အခြေနေကိုနည်းနည်းလေးရိပ်စားမိပေမယ့်........
အာ့ခီလည်း ဘာမှမလှုပ်ရှားရဲဘဲခေါင်းကိုခါပြီး ရှောင်းကျန့်ကိုတွဲယူလိုက်တယ်...။
မူးလွန်းလို့ခေါင်းပါမခိုင်ချင်တဲ့ ရှောင်းကျန့်က အာ့ခီဘေးကိုရောက်လာတာနဲ့ တကိုယ်လုံးပျော့ခွေလို့သွားတယ်...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now