"ဒါကဘာသဘောလဲ၊ ပါတီအတူတူတက်ဖို့အထိပဲသဘောတူထားတာပါ၊
ဒိတ်လုပ်ပေးဖို့အထိကျွန်တော်တို့မပြောခဲ့ကြဘူးထင်တာပဲ""ဟုတ်တယ်၊ တို့အစကတည်းကပါတီတက်ဖို့အထိပဲမင်းရဲ့အေဂျင်စီနဲ့အပေးအယူလုပ်ထားတာ၊
ဒါပေမယ့်...မင်း...တို့အနားမှာရှိနေတော့ဒီထက်ပိုပြီးလောဘတွေအတောမသတ်နိုင်ဖြစ်လာလို့ပါ"အဲဒီမမ'ဆိုတဲ့အမျိုးသမီးကိုပါတီထဲမှာမူးပြီးမှောက်နေလို့...
ရှောင်းကျန့်ကဘယ်ခေါ်သွားရမှန်းမသိဘဲနဲ့...သူ့မန်နေဂျာရဲ့လမ်းညွှန်မှုအတိုင်းနားနေခန်းအထိလာပို့ဖြစ်ခဲ့တယ်...။
နားနေခန်းလို့သာပြောတာ...
အခန်းထဲဝင်လိုက်တာနဲ့သင်းပျံ့ထုံအီနေတဲ့မွှေးရနံ့တချို့နဲ့အပြင်အဆင်ကမနှစ်မြို့စရာကောင်းနေသည်...။ပထမတော့ရှောင်းကျန့်'က...သူမကိုအခန်းထဲမပို့တော့ဘဲနဲ့...
ဝန်ထမ်းတစ်ယောက်ယောက်ကိုဖုန်းဆက်ခေါ်မလို့ကြံမိသေးသည်...။
ဒါပေမယ့်...ဒီနေ့သူ့နောက်လိုက်နေခဲ့တဲ့ fan တွေအရမ်းများနေလို့၊ အရှုပ်ထွေးဖြစ်မှာကိုစိုးပြီိလက်လျော့ပစ်လိုက်တယ်...။အခန်းထဲပို့ပြီးပြန်မှာပဲဆိုတော့ဘာမှမဖြစ်လောက်ဘူးမလား...။
အဲဒီလိုအတွေးနဲ့ ရှောင်းကျန့်ကသူမကိုအခန်းထဲရောက်အောင်ပို့ဖို့ပြင်တယ်...။
ဒါပေမယ့်...ပြဿနာကအခန်းထဲရောက်တော့မှဖြစ်တာပါ...။
အခန်းဖွင့်ပြီးတော့...သူမကိုကုတင်ပေါ်တင်ပေးတော့မှကုတင်ပေါ်အကျအနထ,ထိုင်ကာတည်တည်ငြိမ်ငြိမ်နဲ့...
မမဆိုတဲ့အဲဒီသူဌေးမ'ကစကားတစ်လုံးချင်းပြောလာသည်..။"ဒီညတို့နဲ့အတူကုန်ဆုံးပါလား..."...တဲ့...။
အဲဒီစကားကိုကြားရတဲ့ရှောင်းကျန့်ကခဏတော့လန့်သွားမိပေမယ့်...မျက်ခုံးလေးပင့်လို့မျက်နှာကိုတည်ငြိမ်အောင်ထားပြီးတော့...တစ်ခွန်းချင်းပီပီသသပြော၏။
"ကျွန်တော်...စပွန်ဆာရှာမနေဘူး...
ဘယ်တော့မှလည်းရှာမှာမဟုတ်ဘူး...မမ..."သူမရဲ့နာမည်အရင်းကိုသေချာမသိပေမယ့်...
ကြေငြာလုပ်ငန်းရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကသူမကိုမမ'လို့ခေါ်သည်မို့...ရှောင်းကျန့်လည်းဒီအတိုင်းခေါ်ဖြစ်ခဲ့တယ်...။
မမ'ဆိုတဲ့ဒီမိန်းမဟာလှသလောက်...
စည်းစိမ်ချမ်းသာလည်းပြည့်စုံသည်။
တော်သည်။ ထက်သည်။ ဆတ်သည်။ ဆိုတဲ့ပညတ်ချက်တွေနဲ့စီးပွားရေးလောကထဲမှာကျော်ကြား၏။
ကောင်းသတင်းရှိသလောက်တစ်ဖက်မှာလဲ...
ပုပ်အဲ့နေတဲ့ရွံစရာအကြောင်းတွေပွထနေတတ်တာကိုရှောင်းကျန့်ကြားထားပြီးသားပါ။
တူအရွယ်၊ သားအရွယ်၊ မောင်ငယ်အရွယ် ဘယ်လိုခန့်ညားထည်ဝါတဲ့ယောကျာ်းလေးတွေကိုစိတ်ကြိုက်စပွန်ဆာပေးပြီး...
စိတ်အလိုလိုက်တတ်တဲ့ဣတ္ထိယတဲ့။
BẠN ĐANG ĐỌC
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...