51

72 3 4
                                    



ရိပေါ်ကတော့...စက်ဘီးအသေးလေးကိုမညှာမတာကြီးနင်းပြီး ကားနောက်ကနေလိုက်ခဲ့ရင်း ပါးစပ်ကပါအငြိမ်မနေခဲ့...။

"ဟေး....ရပ်စမ်း...ရပ်လိုက်..."

စက်ဘီးကိုဘယ်လောက်ပဲ မြန်အောင်နင်းနင်း...
လူတစ်ယောက်ရဲ့ခြေထောက်က ကားတစ်စီးရဲ့အင်ဂျင်ပါဝါနဲ့နှိုင်းယှဉ်လို့မရပါဘူး။

ကားနောက်ကြည့်မှန်ကနေ သူတို့နောက်ကိုလိုက်နေတဲ့ ရိပေါ်ကို မြင်နေတော့ အစောင့်တွေကခြံထဲကိုချက်ချင်းမဝင်ဘဲ မျက်ခြေဖြတ်ထားခဲ့တယ်။

"ငါတို့နောက်ကိုလူတစ်ယောက်လိုက်နေတယ်...
ခြံထဲကိုမဝင်နဲ့ဦး...ဆက်မောင်းသွားလိုက်..."

အိမ်အဖြူလေးကိုထားခဲ့ပြီး တမျှော်တခေါ်ကြီးမြင်နေရတဲ့တောင်ပတ်လမ်းကိုဆက်မောင်းသွားတဲ့ကားလေးကို ဆက်မလိုက်နိုင်တော့တာကြောင့် ရိပေါ်လည်း လက်လျော့ပြီးပြန်လှည့်လာခဲ့ရတယ်။

"မနက်တုန်းကခြံထဲမှာရပ်ထားတာအဲဒီကားဟုတ်ကိုဟုတ်တယ်...ဘာလို့ဆက်မောင်းသွားတာလဲ...မသင်္ကာစရာပဲ..."

ပါးစပ်ကပါပွစိပွစိနဲ့ ရေရွတ်လို့...ကားလေးကိုလှမ်းကြည့်ရင်း မယုံကြည်နိုင်သေးဘဲရိပေါ်...ခေါင်းကိုခါတယ်။
ပြီးမှ စက်ဘီးကိုပြန်နင်းလာပြီး အိမ်ဖြူလေးရှိတဲ့ခြံရှေ့မှာထပ်ရပ်လိုက်တယ်။

"ဗျို့...အိမ်ရှင်တို့..."

လက်မလျှော့သေးဘဲဆက်အော်ခေါ်နေတဲ့ရိပေါ့်အသံတွေပြာသွားပေမယ့် အိမ်ထဲကနေဘယ်သူကမှအဖက်လာမလုပ်ခဲ့ကြဘူး။

"ကျွတ်စ်...တကယ်ကိုပဲ ချီး....
အိမ်ထဲမှာလူမရှိတာလဲမဟုတ်ဘဲနဲ့..."

ဘုန်း...!..ဘုန်း...!..
စိတ်တိုတိုနဲ့ သံဇာကာနှစ်ထပ်ကာထားတဲ့ဂိတ်ပေါက်ကို ကျောက်ခဲနဲ့ထုပစ်ပြီးမှ ရိပေါ်ပြန်လှည့်ထွက်ခဲ့တယ်။
ဒါပေမယ့်...လက်လျော့လိုတဲ့စိတ်က နည်းနည်းလေးမှရှိမနေခဲ့...။
ဘယ်လိုခံစားမှုမျိုးနဲ့ အဲဒီခြံထဲကို ဝင်သွားချင်တဲ့ စိတ်တို့ပြင်းထန်နေရသလဲ...
နေကြာခင်းကိုအကြောင်းပြုပြီးဖြစ်လာတဲ့စိတ်ဆိုပေမယ့်....ဒီထက်ပိုနေတဲ့ခံစားချက်တို့ကိုလဲနားမလည်နိုင်တော့ဘူး။
တစုံတခုကဆွဲငင်ထားသလိုခံစားချက်ကြီးနဲ့...
ရိပေါ်...အိမ်ပြန်တဲ့လမ်းတစ်လျှောက် တိတ်တိတ်လေးကြုံးဝါးလာခဲ့တယ်...။
တနေ့နေ့ ဒီအိမ်ထဲကိုရောက်ကိုရောက်ရမှာပဲ...လို့...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now