ငရဲဆိုတာ မြေကြီးထဲရောက်တဲ့အချိန်မှမဟုတ်ဘူး...
နေ့စဉ်လူနေမှုဘဝထဲမှာလဲ ရှိတတ်တာပဲ...။
မမြင်ချင်တဲ့မြင်ကွင်းတွေမျိုးမြင်နေရတဲ့ လီယို့အတွက်ကတော့ တကယ့်ငရဲကြီးကိုကြုံနေရသလိုပဲ...။
မင်းမှရောက်မလာခဲ့ရင် ဒီတသက်ပြန်မတွေ့ကြေးဆိုတဲ့ ချိန်းခြောက်မှုနဲ့ပဲလာထိုင်နေရတာ...
လူတကာကပြုံးနေကြသမျှ သူ့တစ်ယောက်ထဲ ပူလောင်ပြီး နာကျင်ခံစားလို့...။ရှောင်းကျန့်ကမိန်းကလေးဆီတချက်မှမကြည့် သလို၊ ဘေးလူတွေဆီကိုလည်း အကြည့်မရောက်ပေမယ့်....
ရှိသမျှလူတွေအားလုံးရဲ့အကြည့်က ရှောင်းကျန့်တဖြစ်လဲ ယာမာ့ဂုချီကင်းဆီမှာပဲစုပြုံနေတယ်...။သူ့လက်ချက်နဲ့ပြောင်သလင်းခါသွားတဲ့ မျက်နှာပေါ်ကအမွှေးတွေကိုအခုကျမှနှမျောတသနေမိကာ...
လီယို...ကိုယ့်လက်ကိုကိုယ်ပြန်ချိုးပစ်ချင်စိတ်တွေပေါက်လာတယ်...။
သူသာ လက်ကမြင်းတာမျိုးမလုပ်ခဲ့ဘူးဆိုရင်...
ပေပေတေတေရှောင်းကျန့်က အဲဒီပါးသိုင်းမွှေးတွေကို ဘယ်တော့မှရိတ်သင်မှာမဟုတ်ဘူး...။
ဒီနေ့လည်း ရှည်လျားအုံခဲနေတဲ့ဆံနွယ်တွေကိုလုံးဝညှပ်သင်မထားဘဲ...ဖြစ်သလိုစည်းနှောင်ထားခဲ့ကာ...ကပိုကရိုနဲ့လျောကျလာလိုက်၊ ပြန်သိမ်းတင်နေလိုက်နဲ့...အလုပ်တွေရှုပ်နေတယ်...။ဒါကိုပဲ ကြည့်ကောင်းကောင်းနဲ့ လီယိုငေးနေခဲ့မိတယ်..။
နုဖတ်ချောမောနေတဲ့ မျက်နှာလေးက စိမ်းမြနေတဲ့ပါးသယ်မွှေးအရိပ်တွေကြောင့် ပိုခန့်ညားနေပြီး...
တပ်ထားတဲ့ ဇီးညိုဖျော့ဖျော့ စာကြည့်မျက်မှန်လေးနဲ့လိုက်ဖက်လွန်းနေတယ်...။
မျက်စိသိပ်မကောင်းတော့ဘူးဆိုတာကို ခဏခဏကြားလာရပြီးနောက်...စာကြည့်မျက်မှန်ကိုနေရာမရွေးတပ်ထားတာကိုမြင်ရတော့တာပဲ...။
အပြင်လူတချို့ကိုလည်း မမှတ်မိအောင်ကာကွယ်ပြီးသားဖြစ်သလို၊ စူးရဲညှို့ငင်တဲ့မျက်ဝန်းတွေကိုလည်း ဖုံးကွယ်ပြီးသားမို့...လီယိုကတော့ သဘောကျမိပါတယ်...။
အဲဒီလိုသာမဟုတ်ရင် ရှေ့တည့်တည့်မှာထိုင်နေတဲ့ ဟာ့နာကိုက အဲဒီညှို့မျက်ဝန်းတွေကြောင့် စိတ်ယိုင်သွားမှာပဲ...။
လီယိုက ကိုယ့်အတွေးနဲ့ကိုယ်ပျာယာခတ်နေပေမယ့်...
ရှောင်းကျန့်ကတော့...အေးဆေးငြိမ်သက်လို့...
တပ်ထားတဲ့မျက်မှန်လေးကို အလည်တည့်တည့်ကနေလက်ညိုးတစ်ချောင်းနဲ့ပင့်တင်ပြီး ယောက္ခမလောင်းဆီကိုလှမ်းကြည့်လိုက်တယ်...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...