"မဟုတ်ဘူး...ခြင်္သေ့ကြီးထင်ထားသလို...""ငါကဘာကိုမေးလို့မဟုတ်ဘူးလို့ ငြင်းနေရတာလဲ...ဂျိုးဝီ..."
တကယ်ဆို ဂျိုးဝီလို့တောင်မခေါ်ချင်ဘဲ သစ္စာဖောက်ကောင်လို့ခေါ်ဖို့စိတ်ကူးနေမိသေးတာ...
ခြင်္သေ့ကြီးကစိတ်တွေထိန်းထားရတယ်။"မင်းကိုငါဘာမှမမေးရသေးဘူးလေ...ဘာလို့ခေါင်းကခါနေတာလဲ...
မင်းဘာမဟုတ်တာလုပ်ထားလို့လဲ..."ဂျိုးဝီက သစ္စာဖောက်ပြီးတစင်သာထောင်ချင်နေတာ ငယ်ကြောက်ဖြစ်တဲ့ ခြင်္သေ့ကြီးကိုတော့ကြောက်ရွံ့နေဆဲပါပဲ။
"မလုပ်ရပါဘူး...ကျွန်တော်..."
"မင်းငါ့ကိုကြောက်ရွံ့နေတယ်ဆိုတာ တခုခုမဟုတ်တာလုပ်ထားလို့ပဲ...
ကဲ...ဖြေ...ဘာတွေယုတ်မာထားသလဲ..."ဟိုကောင်လေး ရှောင်းကျန့်ရဲ့ကိစ္စရော၊ ကင်းကိုဘယ်မှာဝှက်ထားသလဲဆိုတာ...တခွန်းမှမမေးဘဲ
ဂျိုးဝီဘာဖြေမလဲဆိုတာကိုပဲ ခြင်္သေ့ကြီးကစိတ်ဝင်စားသည်။"မင်းက ဒီအဘိုးကြီးအိုနေပြီဆိုပြီးနောက်ကွယ်မှာ လှောင်ပြောင်နေတာတွေ...."
"မလှောင်ရဲပါဘူး...ခြင်္သေ့ကြီးရယ်..."
"ဟုတ်လား...မလှောင်ဘူးဆိုတာက...ဒါဆို မထီမဲ့မြင်လား..."
"အဲဒီလိုမဟုတ်ဘူး..."
ဖမ်းချုပ်ထားတာလဲမဟုတ်၊ နှိပ်စက်ထားတာလဲမဟုတ်ပေမယ့်...ဂျိုးဝီကတော့ ကြောက်ဒူးတုန်ချင်နေတာ...
ငယ်ကတည်းကကြောက်လာခဲ့ရတဲ့ ဦးလေးဖြစ်နေလို့ပါ။"ဟွန့်...မင်းကိုယ်မင်းဟုတ်လှပြီလို့ထင်နေတာလား...
ငါ့သားကိုရော၊ ငါ့မြေးကိုပါ မင်းက...ထိပါးစော်ကားရဲနေတာ..."ကံကြမ္မာကဘယ်လိုတွေဖြစ်လာမလဲဆိုတာမသိရသေးပေမယ့် ဂျိုးဝီကတော့အနာဂတ်ကိုရင်လေးနေပြီ။
တဖက်နိုင်ငံကနေပြန်လာခဲ့ပြီးနောက်တစ်ရက်မှာပဲ အဲမီဆီမှာထိန်းသိမ်းထားတဲ့ကင်းကိုအလစ်သုတ်ခံလိုက်ရကာ...
ဘယ်သူ့လက်ချက်လဲဆိုတာခုထိမသိရသေးပါ။
ခြင်္သေ့ကြီးကသူ့ကိုဘာလိုလိုတွေခြိမ်းချောက်လာပေမယ့်...တည်ငြိမ်နေသေးတဲ့ပုံစံကသူ့မြေးကင်းအကြောင်းသေချာမသိသေးတာမဟုတ်လား။
သိမ်မွေ့ညင်သာတတ်တဲ့သူတွေက ရက်စက်ပြီဆိုကမ်းကုန်တတ်ကြတာ သဘာဝမို့...
ဂျိုးဝီအနာဂတ်ကိုမတွေးရဲပါပြီ။
ဘယ်သူလာမ,သွားလို့မ,သွားမှန်းမသိပေမယ့် လူတစ်ယောက်လုံးပျောက်သွားတာ...ခုထိပြန်ရှာလို့မရလို့...သူ့မိန်းမအဲမီလဲခေါင်းမီးတောက်နေပြီ။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...