ဟိုဟိုဒီဒီပြဿနာလေးတွေနဲ့ ဧရာမပြဿနာအကြီးကြီးဖြစ်ထားတာမကြာသေးတဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက
သမီးရည်းစားတွေပြတ်လုမတတ်ရန်ဖြစ်ပြီးတည့်ကာစဆက်ဆံရေးလိုပဲ...။
ခေါ်လဲခေါ်ချင်၊ စကားပြောရမှာလည်းခက်။
နဂိုကတည်းကသူ့ကိုဖယ်ခွာပြီးနှင်ထုတ်ချင်နေတဲ့ရှောင်းကျန့်ကတော့ အရင်လိုပဲခပ်မဆိတ်ပါပဲ...။"ရော့...တူ..."
ရိပေါ်ကအလိုက်တသိနဲ့ ရှောင်းကျန့်ရဲ့လက်ထဲကိုတူလေးတစ်စုံလှမ်းထည့်ပေးတယ်...။
ဘေးမှာလူတွေရှိနေတော့အူတူတူအတတနဲ့ပဲလှမ်းယူဖြစ်လိုက်ပြီးမှ...
ရှောင်းကျန့် ကြောင်နနဖြစ်လို့သွားလေရဲ့...။
စားပွဲမှာထိုင်ကတည်းကဘာဆိုဘာမှကိုယ့်ဘာသာမလုပ်လိုက်ရဘဲ ရိပေါ်ကအကုန်ဦးဆောင်လုပ်သွားတော့ သူ့မှာကလေးပေါက်စနလေးဘဝရောက်သွားသလိုပဲ။
တခုခုပြောဖို့ကြိုးစားပြီးမှရှောင်းကျန့် ငြိမ်သက်လိုက်ရတယ်။
တခြားလူတွေကြားမှာရန်လိုက်ဖြစ်နေလို့လည်းမကောင်းဘူးမလား...။မပြောဘဲနေတော့မှပိုဆိုးလာတာ...
သူ့ဘေးနားမှာသူအသင့်သုံးလို့ရအောင်တစ်သျှူးစလေးတွေကိုသေချာခေါက်ပြီးထားရတာနဲ့....
သူစားတတ်တဲ့အချဉ်အစပ်အဟပ်နဲ့ ကြိုက်တတ်တဲ့အရာလေးတွေကိုရွေးထုတ်ပြီးသပ်သပ်ဖယ်ထားရတာနဲ့...
ရိပေါ်တစ်ယောက်ပဲအလုပ်တွေရှုပ်လို့.....
တစ်ဝိုင်းလုံးမှာရှိတဲ့လူတွေကဒါကိုသတိထားမိနေပေမယ့်ဘာမှမပြောဘူး...
သူတို့ရဲ့ညီထွေးလေးက ရှောင်းကျန့်ကိုဘယ်အထိသဘောကျနေသလဲဆိုတာကိုအားလုံးသိနေကြတယ်...။cool guy လေးဆိုပြီးချစ်စနိုးနဲ့သူတို့ခေါ်တဲ့ဒီကောင်လေးက ရှောင်းကျန့်နဲ့ကျမှ sweet boy လေးဖြစ်ဖြစ်သွားတာကိုအားလုံးကသတိထားမိနေပါရဲ့...။
စရိုက်သဘာဝတွေကိုဆန့်ကျင်ဘက်ပြောင်းလဲခြင်းကိုဖြစ်စေဖို့တွန်းအားပေးနိုင်တဲ့သူဆိုတာ တော်တန်ရုံစွမ်းနိုင်တဲ့သူမို့လား...။
ပြည့်စုံလွန်းပေမယ့်အထီးကျန်နေတတ်တဲ့ဒီကောင်လေးဟာကြည်နူးပျော်ရွှင်ဖို့တကယ်ကိုလိုအပ်တာကိုသူတို့အားလုံးသဘောပေါက်ထားတော့...
ဒီကောင်လေးရဲ့ရွေးချယ်မှုတွေအပေါ်သဘောထားမသေးချင်ကြဘူး...။
ရင်ကိုဖွင့်လို့အမြဲဖေးမပေးဖြစ်တယ်...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...