သူချမှတ်တဲ့စည်းကမ်းတွေနဲ့ပတ်သက်ရင်...ဆတ်ဆတ်အထိမခံတတ်တဲ့ ရိပေါ်က...ဒီတကြိမ်မှာလည်း...ကြောက်စရာကောင်းလောက်အောင်ကို ဒေါသထွက်နေတယ်...။
အကြောင်းရင်းက စျာန်နဝါရီကကျောင်းပါတီမှာသီချင်းတွေဆိုတာကိုသိသွားလို့..."မင်းကို ငါ ဘာမှာထားလဲ...စျာန်လေး..."
"ဟင့်...ဘာမှာထားလို့လဲ...
အော်...သီချင်းမဆိုနဲ့ဆိုတာများလား...
ပါးရဲ့အမိန့်တွေကအဓိပ္ပါယ်မှမရှိတာ...မေ့ပစ်လိုက်တာကြာရောပေါ့..."ဟိုတုန်းကလို...ရိပေါ်'ဒေါသထွက်တိုင်း ကြောက်ပြီးတုန်နေတတ်တဲ့အကျင့်လေးတွေမရှိတော့တဲ့ စျာန်နဝါရီက...
မျက်လုံးလေးတွေစူးရဲတောက်နေအောင်ပြန်ကြည့်ရင်းတခွန်းချင်းပြန်ခံပြောနေတယ်...။"သားပါးစပ်နဲ့သားသီချင်းဆိုတာလေ...
သားကြိုက်လို့...""တိတ်စမ်း....မင်းပါးစပ်နဲ့ဖြစ်ဖြစ်...
ငါ့ပါးစပ်နဲ့ပဲဖြစ်ဖြစ်...
ငါမကြိုက်တာကိုမလုပ်နဲ့ဆိုရင်...မလုပ်နဲ့...
နောက်ခါကျရင်လုံးဝခွင့်မလွှတ်ဘူး...""ဟား...ဒါကတော့ ပါး'အရမ်းလွန်နေပြီ...
သားမှာလည်း...သားစိတ်နဲ့သားကိုယ်ပဲလေ...
ပါးကမကြိုက်ပေမယ့်...သားကြိုက်တာကိုလုပ်မှာပေါ့...
ပါးက အမြဲပဲ...မတရားဘူး...""ဟိတ်ကောင်...မင်း...ပြန်မပြောနဲ့..."
"ဟိတ်ကောင်လို့မခေါ်နဲ့...သားမကြိုက်ဘူး...
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဒေါသလာထွက်နေတယ်...
သွား...ပါးကိုသိပ်မုန်းတာပဲ...
နောက်တစ်ခါ ကျောင်းပိတ်ရင် အိမ်ကိုပြန်မလာတော့ဘူး..."ပွစိပွစိပြန်ပြောနေရင်းနဲ့ စျာန်လေးကခြေဆောင့်ပြီး သူ့အခန်းထဲဝင်ပြေးသွားတယ်...။
ကျောင်းအိပ်ကျောင်းစားလွှတ်လိုက်တော့မှ စျာန်လေးက ပိုပြီးခေါင်းမာတတ်လာတာ...
အသက်ကလေးရလာလို့ပဲလား...
ကျောင်းကအပေါင်းသင်းတွေကြောင့်ပဲလားတော့မသိ...။
ကိုတာတာကတော့...ရိပေါ့်ကိုချော့မော့ပြီးစိတ်လျော့ခိုင်းရတယ်...။"မင်း...ဒီလိုအတင်းအကျပ်ကြီးဖိနှိပ်တာတွေလျော့ပါတော့...ရိပေါ်...
စျာန်လေးလည်း တဖြည်းဖြည်းကြီးလာပြီဆိုတော့...
သူ့ကို ကလေးပေါက်စတုန်းကလိုမျိုး ကိုယ်လိုချင်တဲ့ပုံစံအတင်းအကျပ်သွင်းလို့မဖြစ်တော့ဘူးကွ...
ဟိုမရောက်ဒီမရောက် ဒီအရွယ်တွေဆိုတာ ချော့သင့်ရင်ချော့ရတာမျိုး..."
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...