19

54 2 0
                                    


ကင်းရဲ့အဖြစ်ကပလုံးပေါက်နဲ့ဖားကောက်နေရသလိုပဲ...။
ကြိုးစားနေသမျှအရာမထင်လာတဲ့အပြင်...
ဘာတစ်ခုမှချောချောမွေ့မွေ့ဖြစ်မလာခဲ့ဘူး...။
လူမသိစေချင်အောင်ဖုံးကွယ်ထားတာကသူမလေးကိုအထိခိုက်မခံလိုခြင်းတစ်ခုထဲအတွက်ပဲ...။
နောက်ပြီးတော့ဒီအသိုင်းဝိုင်းထဲမှာမကြီးပြင်းစေလိုတာဟာ...
သူ့ဘဝလိုမျိုးမွန်းကျပ်ပြီးအသက်ရှင်မနေစေချင်လို့ပါ...။
အဲဒါကြောင့်...သူမလေးကိုလက်ထပ်မယ့်အချိန်ကျရင်ဒီလောကထဲကနှုတ်ထွက်ပြီးတနေရာရာမှာမျက်နှာဝှက်ပြီးနေထိုင်ဖို့ပြင်ဆင်နေခဲ့တာ...
ဒါပေမယ့်လည်းကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး...။
အခုတော့...ဆူးက ယာမာ့ဂုချီအိမ်တော်ရဲ့တံခါးဝင်းကိုဖြတ်ပြီးသူ့ရှေ့ရောက်လာခဲ့ပြီ...။
ထိန်းသိမ်းနောက်ဆုတ်ပေးလို့မရတော့တာကိုကင်းသဘောပေါက်ခဲ့တဲ့အတွက်...
မထူးဇာတ်ခင်းပြီးတော့ဒီမိန်းကလေးကိုအနားမှာခေါ်ထားပြီးစောင့်ရှောက်ရတော့မယ်...။
ဂျိုးဝီတို့လင်မယားနဲ့ဆူးကတွေ့ပြီးသွားပြီဆိုတော့...
သူနဲ့ဝေးလေအန္တရာယ်များလေဖြစ်မှာပဲ...။

"လက်ထပ်ဖို့ကဘိုးဘိုးကြီးထောင်ကထွက်လာရင်စီစဉ်ရအောင်...
မနက်ဖြန်ကျရင်လက်မှတ်ထိုးကြမယ်..."

ဒါကိုအဲမီကသဘောမတူချင်ဘူး...။
သူမကအစကတည်းကကင်း'ကို...သူမတို့နေလဂိုဏ်းရဲ့ကလေးမတစ်ဦးနဲ့စီစဉ်ချင်ခဲ့တာ...။
ဂိုဏ်းရဲ့ခေါင်ချုပ်ဖြစ်လာမယ့်ကင်းနဲ့နေလဂိုဏ်းသားတစ်ဦးဦးသာလက်ဆက်ပေးနိုင်ရင်သူမအတွက်အရာရာကိုထိန်းချုပ်ရတာပိုလွယ်မှာ...။

"ကိုကြီးရယ် ကြံစမ်းပါဦး...ဒီကောင့်ကိုဒီအတိုင်းထားတော့မလား..."

"နေပါဦးမိန်းမကလည်း...လူသတ်ထားတဲ့ကိစ္စတွေကိုအရင်ရှင်းရမယ်...
ကင်း'ကိစ္စနောက်မှလုပ်လဲရတယ်...
တကယ်လို့ကိုကြီးတို့လုပ်ထားတာတွေမိကုန်ရင်ဘယ်လိုလုပ်မလဲ..."

ဒီဘက်မှာကင်းကိုဂရုစိုက်နေတုန်း အိုကီနာဝါက ကင်းရဲ့အဘိုးငယ်ကသူ့အစ်ကိုကြီးကိုလျှို့လျှို့ဝှက်ဝှက်နဲ့ထောင်ထဲကနေအပြင်ခေါ်ထုတ်သွားခဲ့တယ်...။
နောက်ပြီးတော့...
ကင်းရဲ့အဖေမဟာ'သေဆုံးတာကိုခြေရာခံလာကြတာကိုသိတော့မှဂျိုးဝီတို့မျက်လုံးပြူးရတော့တယ်...။
တချိန်တုန်းကလျှမ်းလျှမ်းတောက်အောင်ကျော်ကြားခဲ့တဲ့...ကင်းရဲ့ဘိုးအေနှစ်ယောက်ကအခုတော့အိုမင်းနေပြီ...။
ဒါပေမယ့်သြဇာကအခုထိအရှိန်မကုန်သေးဘူး...။
ကိုယ့်အင်အားနဲ့ဆိုကြောက်စရာမဟုတ်ပေမယ့်...
သူတို့ရဲ့အကြံစည်တွေကိုအကုန်သိသွားရင်တော့အသက်နဲ့ခန္ဓာအိုးစားကွဲမှာပါ...။
ဒါကိုအလိုက်မသိဘဲ အဲမီကကင်းရဲ့ကိစ္စတွေကိုပဲချုပ်ကိုင်ဖို့ကြိုးစားနေခဲ့တယ်...။
သူမအပူတပြင်းလိုချင်တာကရွှေချောင်းတွေရဲ့ဝေစုပဲ...။
ဘာလို့လိုအပ်တာလဲဆိုရင်ကာစီနိုဝိုင်းမှာရှုံးထားတာတွေကိုအရေးတကြီးနဲ့လျော်ရဖို့ရှိလို့...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now