Unicode
တဖြည်းဖြည်းနဲ့ခြံဝင်းထဲမှာရှုပ်ထွေးလာတဲ့ကားတွေ၊ လူတွေကများသထက်များလာခဲ့သည်။
မကောင်းတဲ့ရည်ရွယ်ချက်ကိုယ်စီနဲ့အဲဒီလူတွေ၊ ကားတွေ၊ အစုအဖွဲ့တွေက...ကို့ဆီကိုလာကြတာ...သူတို့ရင်ထဲမှာငွေအတွက်၊ သူတို့ရပ်တည်နိုင်ဖို့အတွက်လောဘတွေချည်းသာ။သူတို့ရဲ့ရည်ရွယ်ချက်ပြည့်ဖို့အတွက်...
တပါးသူရဲ့ဘဝကိုဖျက်ဆီးပစ်ဖို့ဝန်မလေးတတ်ကြတာလည်းအနုပညာလောကမှာထူးဆန်းတဲ့ကိစ္စမဟုတ်။
ဒီလောကကြီးဟာဒီလိုပဲဆိုတာကို..
ရှောင်းကျန့်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကနားလည်တယ်ဆိုပြီးအခုတော့အရှုံးပေးသတဲ့လား။"ဘာမှမရှိတဲ့ဘဝကနေလာတာမို့လို့...ဒီအခြေနေကနေအောက်ပြုတ်ကျသွားလည်းခံစားနိုင်ပါတယ်"တဲ့။
အခုတော့...မခံစားချင်တော့လို့အရှုံးပေးလိုက်တာလား။
လောကဓံတရားကိုကြံ့ကြံ့ခံနိုင်တာကိုကျွန်တော်အရမ်းအားကျခဲ့ရတာလေ။
ကို့စိတ်ဓါတ်တွေခိုင်မာလွန်းလို့ကျွန်တော်တို့အားလုံးကို့ကိုချစ်နေရင်းလေးစားနေခဲ့တာလေ။
အားမငယ်တတ်ဘူး၊ ခံနိုင်ရည်ရှိတယ်၊ စိတ်ဓါတ်ခွန်အားပြည့်တယ်၊ တည်ငြိမ်တယ်ဆိုတဲ့...ကိုက...အခုဘယ်မှာလဲ။
ပြန်လာပါ...ကို။
ကျွန်တော့်ကိုပဲ့ပြင်ထိန်းကျောင်းပါဦး။
မရင့်ကျက်တဲ့ကျွန်တော့်ကိုဆုံးမပါဦး။
တသက်လုံးအတူတူရှိနေကြမှာဆို၊
ဒီအနုပညာအသိုင်းအဝိုင်းကနေထွက်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့အေးအေးချမ်းချမ်းနေကြမှာဆို။
ဘာလို့...ဒီလိုနှုတ်မဆက်ဘဲထွက်သွားရတာလဲ။
ဘာမှမဖြစ်သလိုနဲ့ကျွန်တော့်ကိုထားပစ်ခဲ့ရတာလဲ။
"မချစ်တဲ့သူအတွက်နေရာမပေးဘဲ၊ ချစ်တဲ့သူကိုပဲရင်ထဲထည့်ထားတတ်တယ်"ဆိုတဲ့၊
ကို'က...
အဲဒီလူ့ဗာလတွေကျတော့ဂရုစိုက်နေခဲ့တာလား။
ကျွန်တော့်ကိုရင်ထဲမထည့်ခဲ့ဘူးလား။
ဒါကြောင့်မို့...
မနာလိုတဲ့သူတွေဝမ်းသာအောင်အရှုံးပေးလိုက်တာလား။
နှမျောတသခြင်းတွေ၊ ဝမ်းနည်းခြင်းတွေနဲ့...
ရင်ထဲမှာဆို့နစ်နေတာ၊ ကို...မြင်ရဲ့လား။
ဝမ်းနည်းခြင်းတွေမိုးလိုပြိုနေရင်း...
ဝမ်ရိပေါ်'ဆိုတဲ့ကောင်လေးတစ်ယောက်ထဲ ကမ႓ာ့အမှောင်ဘက်ခြမ်းမှာ။
•••••••••••
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...