မိနစ်ပိုင်းမခြားသေးဘဲ ခြံထဲကိုကားတွေဝင်လာတော့ အဖေလာတာဖြစ်မယ်လို့ထင်လိုက်မိပေမယ့် မဟုတ်ခဲ့။
ထင်မထားတဲ့ဧည့်သည်ကြောင့် ခြံထဲမှာရှုပ်ယှက်ခတ်ဆူညံသွားခဲ့ရသည်။"ဘာတွေလဲ..."
"ယာ...ယာမာ့ဂူချီဘက်ကလူတွေပဲ...သခင်လေး...
ဟို...ဟိုတစ်ယောက်ကိုမေးနေကြတယ်...
သခင်လေးခေါ်လာခဲ့တဲ့ လူတွေ..."ယာမာ့ဂူချီဆိုတာကိုကြားလိုက်ရတာနဲ့လီယိုခေါင်းတစ်ခုလုံးထူပူကျိန်းဖိန်းသွားသည်။
ပြဿနာကတော့စ,ပြီ။
ဒီအချိန်မှတော့ထိပ်တိုက်ရင်ဆိုင်ရုံအပြင်မရှိ။
လှမ်းကြည့်တော့ ကားမီးလုံးတွေကလင်းထိန်မနေပေမယ့် တော်တော်များနေတော့ မရှိရင်တောင်မှကားအစီးတစ်ဆယ်နီးနီးထင်သည်။"လူကဘယ်လောက်တောင်ရောက်လာတာလဲ.."
"လူငါးဆယ်လောက်ဖြစ်မယ်ထင်တယ်..."
လီယို ခေါင်းပါကိုက်ချင်သွားခဲ့တာ ပြဿနာတက်ရင်ခက်ပြီပဲ။
ကိုယ့်မှာရှိတဲ့လူတွေကိုရေတွက်ကြည့်တော့ လက်ရှိမှာ ဆယ့်ခုနှစ်ယောက်။
ရိပေါ့်ကိုဆေးရုံလိုက်ပို့ကြတဲ့လူငါးယောက်ကအပြင်မှာ။ဒီအဆင်နဲ့ဒီအဆင်တွေပဲဆိုတော့ တိုက်ခိုက်ကြတော့မယ်ဆိုရင်သူမသာ၊ ကိုယ်မသာပဲဖြစ်နေမှာဆိုပေမယ့် ကိုယ့်မှာလူအင်အားကနည်းပါးနေပြီမို့...ပြဿနာတက်မသွားရင်အကောင်းဆုံးဖြစ်မည်။
သူဖမ်းခေါ်လာတဲ့ရှောင်းကျန့်ကိုဒီအချိန်မှာအတွေ့ခံလို့မရမှန်းတွေးမိတော့...
ဒီအိမ်ထဲကနေအပြင်ခေါ်ထုတ်လိုက်ဖို့စဉ်းစားမိသည်။
သိပ်ဝေးဝေးကိုရောက်ဦးမှာမဟုတ်တဲ့ ရိပေါ့်ရဲ့ကားကိုပြန်ခေါ်လိုက်ပြီး ရှောင်းကျန့်ကိုပါထည့်ပေးလိုက်ဖို့ပြင်ဆင်ရသည်။"အနောက်ဘက်ခြံတံခါးကိုမသိသာစေဘဲနဲ့ဖွင့်ထား...
ကားကိုသေချာပြန်မောင်းဝင်ခဲ့...
ပြီးတော့ ရှောင်းကျန့်ကိုအဝတ်လဲပေးပြီးငါ့အဖေဆီခေါ်ထုတ်သွားလိုက်ကြ...
ငါခြံရှေ့တံခါးမှာအချိန်ဆွဲထားမယ်..."အစီစဉ်က ရှောင်းကျန့်ကိုသူခေါ်လာတာမဟုတ်ကြောင်းငြင်းဖို့ပဲဖြစ်သည်။
အဝတ်တွေကိုလဲခိုင်းစေတာက လူကိုပုံမှားရိုက်ပြီးငြင်းလို့ကောင်းအောင်လို့ပါပဲ။
ရှောင်းကျန့်ကလဲ ဘာအတွက်နဲ့ဒီလိုလုပ်ခိုင်းတယ်ဆိုတာနားမလည်တော့ခက်သေးသည်။
ရိပေါ်နဲ့အကျပ်ကိုင်လိုက်တော့မှခေါင်းညိတ်နာခံကာ ကားပေါ်လိုက်သွားခဲ့၏။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...