သတိပြန်လည်လိုက်၊ ပြန်မေ့သွားလိုက်နဲ့တပတ်ကျော်သွားခဲ့ပြီဖြစ်တဲ့ကင်း'ကိုဘေးကတဖဝါးမခွာဘဲဆူးဆိုတဲ့ကောင်မလေးကစောင့်ဆိုင်းနေခဲ့၏။
အကျယ်ချုပ်ကျနေသလိုမျိုးဒီအခန်းကျယ်ကြီးကနေဘယ်မှသွားခွင့်မရှိတာကိုသူမဝမ်းမနည်းဘဲ...
ချစ်ရသူကိုသာဘယ်တော့သတိပုံမှန်ပြန်ဖြစ်မလဲလို့ဂရုစိုက်နေဖြစ်တယ်။
အချစ်ကြောင့်ရူးမိုက်ခဲ့မိတဲ့သူမလေးဟာအရာရာမှာအားနည်းပေမယ့်...
ချစ်သူအတွက်တော့သတ္တိရှိခဲ့တယ်...။"မင်းရဲ့အဖေကိုအဆက်သွယ်လုပ်ပြီးအကူညီမတောင်းရဘူး၊
ဒါဆိုရင်မင်းရဲ့ယောကျာ်းအသက်ရှင်သန်ခွင့်ရမယ်..."ကင်းကိုသတ်လိုက်မှာလို့ခြိမ်းခြောက်ပြီးတော့ဒီကောင်မလေးကိုအဲမီကနှုတ်ပိတ်တယ်...။
"သူ့ကိုမသတ်ပါနဲ့...ဆူးနိုင်တာအကုန်လုပ်ပေးပါ့မယ်...
ဘယ်သူ့မှမပြောနဲ့ဆိုလည်းမပြောပါဘူး၊
ဖေဖေတို့ကိုမဆက်သွယ်ရဘူးဆိုရင်လည်းတသက်လုံးမဆက်သွယ်ဘူး...""မင်းယောကျာ်းကိုငါတို့လိုချင်တာအသာတကြည်ပေးဖို့နားချပေးပါ၊
ဒါဆိုရင်သူ့ကိုငါတို့ထပ်မထိဘူးလို့ကတိပေးတယ်..."သစ္စာရော၊ ကတိရောမတည်မြဲတတ်တဲ့ ထိုလူတွေကိုဆူးဆိုတဲ့မိန်းကလေးကအယုံလွယ်ခဲ့တယ်...။
ယုန်လေးတစ်ကောင်ထက်ပိုပြီးအားနည်းတဲ့မိန်းမငယ်လေးက အဲမီဆိုတဲ့မိန်းမငစဉ်းလဲရဲ့လှည့်တဲ့အကွက်အတိုင်းပါနေခဲ့တယ်...။ဆရာဝန်ကိုအဓမ္မစေခိုင်းပြီးတော့
ကင်းကိုနေ့တိုင်းတိုက်နေတဲ့ဆေးတွေမှာမသမာတာတွေလုပ်ခဲ့တာကိုဘယ်သူမှမရိပ်မိခဲ့ကြပါဘူး။
သတိရလိုက်၊ အူတူတူအတတဖြစ်လိုက်နဲ့ ပြန်လည်ကျန်းမာလာရမယ့်အစားကင်းရဲ့ကျန်းမာရေးကပိုဆိုးဝါးလာတယ်...။"ဘယ်လိုဖြစ်လို့ကင်းရဲ့အခြေနေကပိုဆိုးဝါးလာရတာလဲ...
ဒီပုံစံနဲ့ဆိုရင်...အာဏာလွဲမယ့်အချိန်အထိတောင့်ခံနိုင်ပါ့မလား...
ဘိုးတော်ကြီးရုတ်တရက်ရောက်လာရင်ပြဿနာပဲ..."အစကတည်းကဒီလိုရလာဒ်လိုချင်လို့အကောက်ကြံခဲ့တဲ့အဲမီဆိုတဲ့မိန်းမဟာ...
သူ့ယောကျာ်းဂျိုးဝီကိုတဖြည်းဖြည်းနဲ့သူလိုတဲ့ပုံအတိုင်းသွတ်သွင်းတယ်...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...