25

59 4 0
                                    


တလောကလုံးရဲ့လက်ညိုးတွေကသူ့ကိုပဲဝိုင်းထိုးနေခဲ့ကြတာမို့...သူ့ဖြစ်တည်မှုကိုသူသိမ်ငယ်ချင်လာပြီ...။
ရှောင်းကျန့်' ဆိုတဲ့သူ့ကြောင့်မို့ဒီလိုတွေဖြစ်ခဲ့ရတာဆိုပြီး အဆိပ်ချချင်တဲ့သူတွေချည်း...။

ကောင်းကျိုးကိုမပေးဘူးဆိုတဲ့စကားလုံးတွေကိုကြားရတာနေသားကျနေခဲ့ပြီဆိုပေမယ့်...
ထပ်ကြားရတိုင်းလဲကိုယ့်ဘာသာသံသယဝင်လာတာ...
တကယ်ပဲငါဟာ မကောင်းဆိုးဝါးလိုမျိုးဒုက္ခပေးတတ်တဲ့သတ္တဝါကောင်ကြီးလား...။

ကိုယ့်လုပ်ရပ်တွေကြောင့်လူတွေဒုက္ခရောက်သွားခဲ့ရတယ်ဆိုတာ သူ့ကိုမနာလိုလို့တမင်လီဆယ်ပြောဆိုနေခြင်းဆိုတာကိုသိနေပေမယ့်...
ကိုယ့်စိတ်ကိုကိုယ်မဖြေနိုင်ခဲ့ဘဲ စိတ်ဖိစီးမှုတွေကမသိမသာနဲ့တိုးပွားနေခဲ့တာကြာပါပြီ။
ငါ့ကြောင့်များလူတွေတကယ်ဒုက္ခဖြစ်သွားခဲ့သလားဆိုပြီးမလုံမလဲဖြစ်ဖြစ်နေခဲ့ရတာ...
အခုလက်ရှိအဖြစ်အပျက်ကြောင့်တကယ်အဲဒါကိုအမှန်ထင်သွားခဲ့သည်...။
ငါ့ကြောင့်...ဒီကလေးဒုက္ခတွေ့ခဲ့ရပြီ...။

ကိုယ့်ကိုထိခိုက်လာမယ့်အရေးကိုအထွေအထူးကြောက်ရွံ့မနေတတ်တဲ့သူက ကိုယ်မြတ်နိုးရတဲ့ဖြစ်တည်မှုတွေကိုတော့အထိခိုက်မခံနိုင်ခဲ့ပါဘူး...။
တန်ဖိုးထားရတဲ့ဖြစ်တည်ခြင်းတွေကိုကာကွယ်ဖို့အတွက် သူ့ဘဝထဲကဘယ်အရာမဆိုစတေးပစ်လိုက်နိုင်တယ်...။
အဲဒီအထဲမှာသူ့အသက်နဲ့ဘဝကြီးတစ်ခုလုံးပါရင်လဲပါနေလိမ့်မယ်...။

ပုံမှန်ထက်ပိုမြန်နေတဲ့ခြေလှမ်းတွေနဲ့ သူ့ရဲ့အိပ်မက်အစိမ်းရောင်လေးဆီကနေခပ်မြန်မြန်ထွက်ခွာခဲ့ပါတယ်...။
သူနဲ့ဝေးသထက်ဝေးမှသာ ဆိုးရွားတဲ့ရာသီဥတုစက်ကွင်းကလွှတ်လိမ့်မယ်...။

အရှုံးပေးပြီးထွက်လာခဲ့တယ်လို့ ရိပေါ်ရဲ့အမေကသူ့အပေါ်ထင်မြင်သွားမှာကို ရှောင်းကျန့်သိတယ်...။
သူ့တက်လမ်းတွေပိတ်ဆို့သွားမှာကိုကြောက်ရွံ့လို့ ခေါင်းငုံ့ပြီးအလျော့ပေးလိုက်တာလို့တွေးထင်နေမယ်ဆိုတာကိုလဲမှန်းဆမိတယ်...။
တဦးတည်းသောသားရတနာလေးကိုပစ္စည်းဥစ္စာမက်မောပြီးအပိုင်ချိုင်ချင်လို့ တွယ်ကပ်နေတာမဟုတ်ခဲ့ဘူးဆိုတဲ့အကြောင်းရှင်းပြချင်ခဲ့ပေမယ့်...
မလိုအပ်တော့ဘူးထင်လို့ ရေငုံနှုတ်ပိတ်နဲ့လာရာလမ်းကိုသူလှည့်ပြန်ခဲ့တယ်...။
တခါတလေ...စကားလုံးမဲ့တဲ့ဖြေရှင်းချက်တွေကအစွမ်းထက်တတ်တယ်...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now