Unicodeကိုနဲ့ပတ်သက်တဲ့အရာဆိုလို့ မြူတစ်မှုန်လေးတောင်မရှိတဲ့နေရာ၊ သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေလည်း တစိုးတစိမျှမရှိတဲ့ ဒေသ။
အကြောင်းတိုက်ဆိုင်မှုဖြစ်ပွားနိုင်ချေ 0.009% ပဲရှိမယ်ဆိုတဲ့ နေရာအသစ်လေးမှာ ရင်ဘတ်တစ်ခုလုံးအသစ်အတိုင်းပြန်ဖြစ်သွားဖို့က အင်မတန်မှခဲယဉ်းနေတယ်။လှပသစ်ဆန်းတဲ့သဘာဝတရားတို့နဲ့ ဘယ်နေရာကိုကြည့်ကြည့်မျက်တောင်ဖျားတစ်ဆုံးမှာ အသစ်အသစ်သောအရာတွေချည်း။
အိမ်အသစ်၊ ခြံအသစ်။
လမ်းအသစ်၊ ရပ်ကွက်အသစ်။
မြို့နယ်အသစ်၊ နိုင်ငံအသစ်။
အရာရာ...အသစ်နဲ့ အသစ်။
အဲဒီအရာတွေအားလုံးဟာ...ညစ်နွမ်းနေတဲ့စိတ်နှလုံးကို တဖန်ပြန်လည် သန့်ရှင်းလတ်ဆတ်စေနိုင်တယ်လို့ပြောပေမယ့် သူ့...ဦးနှောက်ကတော့ ဟောင်းနွမ်းနေတုန်းပဲ။ထည့်လက်စကော်ဖီခွက်ကလေးကိုငေးကြည့်ရင်း ရိပေါ်ရဲ့နှုတ်ခမ်းသားလေးတွေက တဆတ်ဆတ်တုန်ရီလာတယ်။
သကြားနဲ့နို့မပါတဲ့ကော်ဖီကြည်ကြည်ခပ်အေးအေးလေးက ကို့အကြိုက်မို့လား။
မနက်ဆိုလည်းမနက်ခင်းမို့၊ အလုပ်ပင်ပန်းတဲ့အချိန်ဆိုလည်း ပင်ပန်းနေလို့...
ကဖင်းဓာတ်အပြည့်ပါတဲ့ကော်ဖီတစ်ခွက်က စိတ်တင်မက၊ လူတစ်ကိုယ်လုံးကို လန်းဆန်းတက်ကြွစေတယ်ဆိုပြီး သောက်တတ်တဲ့အကျင့်ရှိတဲ့...အဲဒီလူသား...
အခုဆို...ကော်ဖီကောင်းကောင်းလေးတောင်သောက်နေရပါ့မလား...။
သူ...မမြင်ရတဲ့ တစ်ပါးသောအရပ်မှာ...အဆင်တွေမှပြေနေရဲ့လား...။"ခွမ်း...!..."
မှုန်ရီဝေဝါးလာတဲ့အမြင်တွေကြောင့် ကြမ်းပြင်ပေါ်ကိုလွတ်လွတ်လပ်လပ်ကြီးကျကွဲသွားတဲ့ကော်ဖီခွက်နဲ့အတူ မျက်ရည်နှစ်ပေါက်ကလည်း အတားဆီးမဲ့စွာ ကျဆင်းပြန်တယ်။
သူ..ငိုနေမိပြန်တာပါလား။"ရိပေါ်...ဘာဖြစ်တာလဲ..."
လေသာခန်းထပ်ခိုးဆီကနေတစ်ခုခုကျကွဲတဲ့အသံကြားတော့ အပြေးတပိုင်းနဲ့ရောက်လာတဲ့ ကိုတာတာကအမောတကော။
ရိပေါ်ရဲ့အနီးနားရောက်လာမှ မျက်ရည်တွေနဲ့မျက်ဝန်းကိုသတိထားမိပြီး ကိုတာတာကဘာမှဆက်မမေးတော့ဘဲ...ရိပေါ့်ခြေထောက်တွေဆီမှာ ဒဏ်ရာရသွားမသွားကိုပဲအသံတိတ်စစ်ဆေးတယ်။
ပြီးမှ ဖန်ခွက်အကွဲစတွေဆီကိုအာရုံပို့တယ်။
ခြေအိတ်လဲမပါဘဲ ဗလာဖြစ်နေတဲ့ခြေဖျားနုဖတ်ဖတ်နီရဲရဲက အကွဲစတွေနဲ့နီးနီးကပ်ကပ်။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...